မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၂) ဗုံးပစ်ခံရ၊ စစ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို သေနတ်ဖြင့် ပြန်ပစ်

မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၂) ဗုံးပစ်ခံရ၊ စစ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို သေနတ်ဖြင့် ပြန်ပစ်

နိုဝင်ဘာ ၂၆

မန္တလေးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၂)ကို ယနေ့ နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းတွင် ဆိုင်ကယ်စီး လူငယ်တစ်ဦးက ဗုံးဖြင့်ပစ်ခတ်သွားသဖြင့် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

“အသံဗုံးနဲ့ ပစ်ခြောက်သွားတာလို့လည်း ပြောနေကြတယ်။ တစ်ယောက်ထဲက လာပစ်သွားတာ၊ တစ်ယောက်ထဲက ဆိုင်ကယ်ပေါ်ကနေ လှမ်းပစ်တာဆိုတော့ တမင်ကို ခြောက်လှန့်ပစ်သွားတာဖြစ်မယ်။ စစ်သားတွေကြောက်လှန့်ပြီး ဟိုပစ်ဒီပစ်နဲ့ ရမ်းသန်းပစ်တာဆက်တိုက်ပဲ။ လူထိတယ်လို့တော့ ကျွန်တော်တို့ဘက်မှာ မကြားဘူး” ဟု အောင်မြေသာစံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အောင်မြေသာစံမြို့နယ်၊ ၂၄ လမ်းနှင့် ၈၃ လမ်းထောင့်ရှိ ထိုဘဏ်သည် ယနေ့ နံနက် ၈ နာရီကျော် ဝန်းကျင်တွင် ဗုံးဖြင့် ပစ်ခတ်ခြောက်လှန့်ခံရပြီးနောက် ဘဏ်၏ မျက်နှာစာ နှစ်ဖက်စလုံးတွင် စစ်ကောင်စီတပ်သားများက လုံခြုံရေး အပြည့်အဝယူထားသည်ဟု ဒေသခံကဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က အထိအခိုက်မရှိကြောင်း၊ စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ် သတင်းအချက်အလက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မန္တလေးမြို့တွင် နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ကမ်းနားလမ်း၊ ညဈေးအရှေ့ဘက် ကုန်စိမ်းတန်းတွင် ဈေးဝယ်လာသည့် စစ်ကောင်စီယာဉ် ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားများက ပြန်လည်ပစ်ခတ်မှုကြောင့် ဈေးသည်အမျိုးသမီးတစ်ဦး လ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly