ဘားအံတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ BGF ၁၀ ဦး သေဆုံးဟု KNU ထုတ်ပြန်

ဘားအံတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ BGF ၁၀ ဦး သေဆုံးဟု KNU ထုတ်ပြန်

နိုဝင်ဘာ ၁၉

ဘားအံမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၁) ၊ တပ်ရင်း(၁) တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး BGF ဒုတပ်ရင်းမှုး အပါဝင် ၁၀ ဦး သေဆုံးကာ ငါးဦးထက် မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဒူးသထူ ခရိုင် က သတင်း ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက်တွင် ဘားအံမြို့နယ်အတွင်း၌ တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး BGF များ ကျဆုံးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘားအံမြို့နယ်၊ မဲသနကျေးနယ်အုပ်စု၊ ကျော်ကေခီး ကျေးရွာ အနီးတွင် BGF (၉၉၉)တပ်မ၊ တပ်နယ် (၃) မှူး စောလားသစ် ဦးဆောင်သည့် ယာဉ်တန်းကို ယနေ့ နံနက် ၁ နာရီတွင် (KNLA) တပ်မဟာ (၁)၊ တပ်ရင်း(၁) က တိုက်ခိုက်သဖြင့် ကားနှစ်စီး ပျက်စီးကာ BGF ခုနှစ်ဦးသေပြီးငါးဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် ကျော်ကေ့ခီးကျေးရွာ နှင့် ဖလံတောင် ကျေးရွာကြား နို့ပနားပူ ကားလမ်းမပေါ်တွင် စောလားသစ်နှင့် ဗိုလ်တင်ဝင်း ပူးပေါင်းတပ်ဖွဲ့တို့ မောင်းနှင်လာသော ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ BGF (၉၉၉) တပ်မ လက်အောက်ခံ ဒုတပ်ရင်းမှူး စောကျော်ဖော အပါအဝင် သုံးဦးသေ၍ ကားတစ်စီး ပျက်စီးခဲ့သည်။

ညနေ ၅ နာရီ မိနစ် ၄၀ တွင် ဘောသပြု ကျေးရွာအဝင်၌ စောလားသစ် ဦးဆောင်သော ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးမှုများ နှင့် ထိခိုက်ဒဏ်ရရှိမှုများ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly