New Year အတွက် နေပြည်တော်တွင် ရှိသမျှ ရဲအားလုံး လုံခြံုရေးယူမည်

New Year အတွက် နေပြည်တော်တွင် ရှိသမျှ ရဲအားလုံး လုံခြံုရေးယူမည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ။ ။ နေပြည်တော်တွင် New Year အတွက် ရဲတပ်ဖွဲ  ့ရှိသမျှအင်အားဖြင့် လုံခြံရေးရယူမည်ဖြစ်ကာ ပျဉ်းမနား နှင့် ဇမ္ဗူသီရီ မြို့နယ်တွင် လုံခြံရေးပိုမိုတင်းကျပ်မည်ဟု ဒီဇင်ဘာလ ၂၉ ရက်က နေပြည်တော် ၊ ဒက္ခိဏခရိုင်ဒုတိယရဲမှူးကြီးဖြစ်သူ ဦးဝင်းချွန်က မဇ္ဈိမသို့ပြောသည်။

“နယူးရီးယားအတွက်ကတော့ ဒီနေပြည်တော်တစ်ခုလုံးပေါ့ လုံခြံရေးကတော့ ခါတိုင်းထက် ပိုပြီးတော့ အဲ့ဒီနေ့ကတော့ ဖြန့်ယူမှာပေါ့။ ရဲတပ်ဖွဲ့တွေအပြင် ကျန်တဲ့ စည်ပင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ နောက်တစ်ခါ ဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ သူတို့ဒါတွေနဲ့ပေါင်းပြီးတော့ အဓိကလုံခြုံရေး ယူပေးရမှာပေါ့။ အဲ့ဒီနေ့ညကတော့ တစ်ညလုံးယူရမှာ နေပြည်တော် ရှစ်မြို့နယ်လုံးပေါ့။ ဦးစားပေးကတော့ ပျဉ်းမနား၊ ဇမ္ဗူသီရီပေါ့။ သူကအများဆုံး ပြဿနာအဖြစ်ဆုံးနေရတွေပေါ့” ဟု ဦးဝင်းချွန်ကပြောသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် နိုင်ငံတော်အကြီးအကဲ ဖြစ်သူများ နေထိုင်နေသည့်အတွက် လုံခြုံရေးကို ပိုမိုတင်းကျပ်မည်ဖြစ်ပြီး ရဲတပ်ဖွဲ့တွင် ရှိသမျှအင်အား အသုံးပြုသွားမည်ဟုဆိုသည်။

“အင်အားတော့ နေပြည်တော်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကော ယာဉ်ထိန်းကော ရှိသမျှတပ်ဖွဲ  ့မှာရှိတဲ့သူတွေကတော့ ရသမျှအကုန် ထုတ်နုတ်ပြီးတော့ သုံးမှာပေါ့ ” ဟု ဦးဝင်းချွန်က ပြောသည်။

New Year ညတွင် အပျော်လွန်ကာ ခိုက်ရန်ဖြစ်ခြင်း၊ ဖျက်ဆီးမှုများပြုလုပ်ခြင်းများ မလုပ်ဆောင်ရန် နှင့် မိမိကိုယ် မိမိ ထိန်းထိန်းသိမ်းသမ်း နေကြရန် ဒုရဲမှူးကြီးက အကြံပြုထားသေးသည်။ 

ပြီးခဲ့သည့် New Year ညတွင် ဖျက်ဆီးမှုများ၊ အလှစိုက်ထားသည့် ပန်းပင်များဖျက်ဆီးခြင်း၊ ယာဉ်ထိန်းရဲရုံးများ ဖျက်ဆီးခံရခြင်း၊ ရဲကင်းရုံးများ ဖျက်ဆီးခံခဲ့ရခြင်း၊ အရက်အမူးလွန်ကာ ခိုက်ရန်ဖြစ်ပွားခြင်းများရှိခဲ့ကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ  ့ရုံးမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags