လှိုင်သာယာမြို့နယ် စစ်ကောင်စီတပ်စွဲထားသောနေရာတွင် မိုင်း ၃ လုံးကွဲ

လှိုင်သာယာမြို့နယ် စစ်ကောင်စီတပ်စွဲထားသောနေရာတွင် မိုင်း ၃ လုံးကွဲ

နိုဝင်ဘာ ၁၃

လှိုင်သာယာ သောင်ကြီးရဲစခန်းအနီး နိုဝင်ဘာလ ၁၃ ရက် ည၇နာရီ၃၀မိနစ် အချိန်ခန့်တွင် မိုင်းသုံးလုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။

"သောင်ကြီးရဲစခန်းနဲ့ တရုတ်ဖိနပ်စက်ရုံကြားမှာဖောက်ခွဲခဲ့တယ်။ အာ့မှာ သူတို့တပ်စွဲထားတဲ့နေရာတွေရှိတယ်၊ အာ့နေရာမှာသူတို့ကအမြဲတမ်းကင်းပတ်နေတာ၊ အသံဗုံးတစ်လုံးနဲ့အရင်မျှားလိုက်တယ်၊ ပြီးတော့ Dummy လေးလုံးချထားတယ်၊ အကြောင်းအမျိုးမျိုးကြောင့် နှစ်လုံးပဲကွဲတယ်။ သူတို့စခ (စစ်ကောင်စီတပ်) တွေဘက်ကတော့ သုံးယောက်ယောက်ထိတာသေချာတယ်။ သူတို့က ပထမတစ်လုံးကွဲတော့ တံခါးတွေလမ်းတွေအကုန်ပိတ်ပလိုက်တာ"ဟု H.T.Y Reagon Defence Force HRDF အဖွဲ့ကပြောသည်။

"အသံတော်တော်ကျယ်တယ်။ ပထမတစ်လုံးကတည်းက။ ဒုတိယတစ်လုံးက ၇နာရီ၃၈မိနစ်မှာပေါက်တာ။ အသံတော်တော်ကိုကျယ်တယ်။ လမ်းထိပ်လောက်မှာ ပေါက်တာ"ဟု ဒေသခံတစ်ယောက်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly