ဖမ်းဆီးခံရသူအားလုံးပြန်လွတ်ကြောင်း ABSDF အတည်ပြု

ဖမ်းဆီးခံရသူအားလုံးပြန်လွတ်ကြောင်း ABSDF အတည်ပြု

နိုဝင်ဘာ ၅

အာဏာသိမ်းစစ်ကောင်စီမှဖမ်းဆီးခဲ့သည့် မြဝတီမြို့ ဆက်ဆံရေးရုံး တာဝန်ခံနှင့် အဖွဲ့ဝင်များအားလုံး နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွတ်လာပြီဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ADSDF) ဥက္ကဋ္ဌဖြစ်သူ ရဲဘော်သံခဲမှ မဇ္ဈိမသို့အတည်ပြု

ADSDF ၏ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံနှင့် ရုံးအဖွဲ့ဝင် သုံးဦးကို စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက နိုဝင်ဘာလ ၂ ရက်တွင်လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ ဟုတ်ပါတယ်။ ပြန်လွတ်လာပါပြီ။ ကျွန်တော်တို့ ဆွေးနွေးနေတုန်းနော်” ဟု ရဲဘော်သံခဲက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ကျောင်းသားတပ်မတော်အဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ဆက် စပ်နေသည်ကိုကြားသိရသောကြောင့် ဖမ်းဆီးခဲ့ခြင်းဟု ပြည်တွင်းမီဒီယာတချို့ကိုပြောဆိုထားသည်။

အဆိုပါ ရဲဘော်လေးဦးမှာ ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော် အောင်ဘော်၊ ရဲဘော်တင်စိုး၊ ရဲဘော်ကပ္ပလီနှင့် ရဲဘော်ခင်မောင်ဝင်းတို့ ဖြစ်ပြီး မြဝတီအခြေစိုက် စစ်ကောင်စီတပ်စခန်း တစ်ခုတွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ABSDF အဖွဲ့ဝင်များကို ဖမ်းဆီးခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ချိုးဖောက်ရာ ရောက်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကလည်း နိုဝင်ဘာ ၄ ရက်နေ့ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင်ပြောဆို ရှုံချခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required