ဆိုးလ်၊ ဒီဇင်ဘာ ၂၇ ။ ။ တောင်ကိုရီးယား အဆိုတော် IU သည် SBS ရုပ်သံ၏ နှစ်ကုန်တေးဂီတ ဖျော်ဖြေရေးအစီစဉ် 2015 SBS Gayo Daejeon တွင် ပထမဆုံးအကြိမ် အဖြစ် တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သွား မည် ဖြစ်သည်။ IU သည် ယင်းအစီစဉ်တွင် ၎င်း၏ နောက်ဆုံးထွက်ရှိထားသော “Twenty - three” တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။
IU သည် အောက်တိုဘာလက “CHAT – SHIRE” တေးသီချင်း အယ်လ်ဘမ်ကို ထွက်ရှိခဲ့ သော်လည်း ရုပ်မြင်သံကြားတွင် ဖျော်ဖြေခဲ့ခြင်း မရှိကြောင်းနှင့် အဆိုပါ တေးအယ်လ်ဘမ်သည် တေးဂီတဇယားများတွင် နေရာယူထားသည့် တေးအယ်လ်ဘမ်တစ်ခု ဖြစ်သည်။
IU ၏ ပထမဆုံး ဖျော်ဖြေတင်ဆက်မှု အပါအဝင် ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းနှင့် ကေပေါ့ပ် အမျိုးသား အဆိုတော်အဖွဲ့ iKON အဖွဲ့သည်လည်း ဖျော်ဖြေ မည်ဖြစ်ကြောင်း SBS Gayo Daejeon မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
2015 SBS Gayo Daejeon ဖျော်ဖြေပွဲကို ဆိုးလ်မြို့ရှိ Coex D ခန်းမ၌ ဒီဇင်ဘာ ၂၇ ရက် ည ၉ နာရီ မိနစ် ၄၀ အချိန်တွင် ကျင်းပသွားမည် ဖြစ်သည်။