NUYOU မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ဂျက်ဆီကာ ဂရေ့စ်

NUYOU မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ဂျက်ဆီကာ ဂရေ့စ်

ဆိုးလ်၊ ဒီဇင်ဘာ ၂၆ ။            ။ တောင်ကိုရီးယား အဆိုတော် ဂျက်ဆီကာဂရေ့စ်သည် NUYOU မဂ္ဂဇင်း မျက်နှာဖုံးအတွက်  ဓာတ်ပုံရိုက်ခဲ့ကြောင်းနှင့် ဂျက်ဆီကာသည် ၂၀၁၆ ခုနှစ် NUYOU မဂ္ဂဇင်း၏ မျက်နှာဖုံးအတွက်  ဓာတ်ပုံရိုက်ပေးရန် ရွေးချယ်ခံရသည့် ပထမဆုံး မော်ဒယ်ဖြစ်သည်။

NUYOU မဂ္ဂဇင်းသည် ဂျက်ဆီကာနှင့် ရိုက်ကူးထားသော မျက်နှာဖုံးဓာတ်ပုံကို ၎င်းတို့၏  Instagram အကောင့်တွင် တင်ပေးခဲ့ကြောင်းနှင့် NUYOU မဂ္ဂဇင်းသည် အမျိုးသမီးများအတွက် ထိပ်တန်း စင်္ကာပူမဂ္ဂဇင်းတစ်ခု ဖြစ်သည်။

ဂျက်ဆီကာကို ဓာတ်ပုံထဲတွင် အလွန်သိမ့်မွေ့ နူးညံ့သည့်ပုံ တွေရပြီး ၎င်း၏ လှိုင်းတွန့်ပုံဆံပင် နှင့် အပြစ်ကင်းစင်သော ဟန်ပန်တို့က ပရိတ်သတ်များ၏ နှလုံးသားကို ဆွဲဆောင်နေသည်။ ဂျက်ဆီ ကာ၏ အဖြူအမည်း ဝတ်စုံကလည်း ပရိတ်သတ်များ၏ အကြည့်ကို ညို့ငင် ဖမ်းစားထားသည်။

ဂျက်ဆီကာသည် အာရှနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူကြိုက်များမှုများ ဆက်လက်ရရှိထားသူ တစ်ဦးဖြစ်သည်။ ဂျက်ဆီကာသည် မကြာမီ ထုတ်လွင့်ပြသမည့် ၎င်းပါဝင် သရုပ်ဆောင်ထားသော ဇာတ်ကားမှတစ်ဆင့် တရုတ်နိုင်ငံတွင် မင်းသမီးတစ်ဦးအဖြစ် ပွဲဦးထွက် ဆောင်ရွက်သွားရန် ပြင်ဆင် မှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly