ဘရက်ဒ်လေကော့ပါး “Joy” ဇာတ်ကားတွင် ရောဘတ်ဒီနီရို၊ ဂျနီဖာလော်ရင့်စ်တို့နှင့် အတူ သရုပ်ဆောင်သွားမည်

ဘရက်ဒ်လေကော့ပါး “Joy” ဇာတ်ကားတွင် ရောဘတ်ဒီနီရို၊ ဂျနီဖာလော်ရင့်စ်တို့နှင့် အတူ သရုပ်ဆောင်သွားမည်

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၇ ။           ။ ကမ္ဘာကျော်မင်းသားကြီး ဘရက်ဒ်လေကော့ပါးသည် “Joy” ဇာတ်ကားတွင်  ရောဘတ်ဒီနီရို နှင့် ဂျနီဖာလော်ရင့်စ်တို့နှင့်အတူ ပါဝင် သရုပ်ဆောင်သွားမည်   ဖြစ်သည်။

ဘရက်ဒ်လေကော့ပါး၊ ရောဘတ်ဒီနီရို၊ ဂျနီဖာလော်ရင့်စ်နှင့် ဒေးဗစ်အို ရက်ဆဲလ်တို့သည် ၂၀၁၂ ခုနှစ်က “Silver Linings Playbook ”  ဇာတ်ကားတွင် အတူသရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှ စ၍  ယခုတစ်ကြိမ် “Joy” ဇာတ်ကားတွင် ထပ်မံ အတူ သရုပ်ဆောင်သွားမည် ဖြစ်သည်။

“Joy” ဇာတ်ကားသည် စွန့်ဦးတီထွင်သူ မီလျံနာသူဌေး စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ဂျိုင်းမန်ဂါနိုအကြောင်းကို ပုံဖော်ရိုက်ကူးမည့် ဇာတ်ကားဖြစ်သည်။ ကော့ပါးသည် လော်ရင့်စ်၊ ဒီနီရိုနှင့် ရက်ဆဲလ်တို့နှင့်အတူ ထပ်မံပူးပေါင်း ရိုက်ကူးသွားမည်ဖြစ်ပြီး ကော့ပါးက အဖွဲ့သားများနှင့် အကောင်း ဆုံး သရုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

“လော်ရင့်စ်ဟာ တစ်ကယ်တော်တဲ့ အနုပညာရှင်တစ်ဦ းဖြစ်ပါတယ်။ သူမဟာ ဘယ်ဇာတ်ရုပ် မဆို သရုပ်ပေါ်အောင် သရုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်” ဟု ကော့ပါးက ပြောကြား သည်။

ကော့ပါးက “လော်ရင့်စ်နဲ့ ရောဘတ်ဒီနီရိုတို့မှာ တူညီတဲ့ အချက်တွေရှိတယ်။ သူတို့နှစ်ဦးဟာ သရုပ်ဆောင်တဲ့အခါ ချဉ်းကပ်မှုပုံတွေ တူညီတာကို ကျွန်တော် သတိထားမိတယ်။ ဒါကြောင့်လည်း ဒါရိုက်တာ ဒေးဗစ်နဲ့ အကြိမ်အကြိမ် အလုပ်တွဲလုပ်တာလို့ ကျွန်တော် ထင်တယ်။ ကျွန်တော့်အတွက် ကတော့ သူတို့နဲ့အတူ ဇာတ်ကားမှာ သရုပ်ဆောင်တဲ့အခါ ကျွန်တော် လုပ်နိုင်သလောက် လုပ်ပြသွား မှာပါ” ဟု ကော့ပါးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly