ထန်တလန်မြို့ခံများနှင့် ထပ်တူစိတ်မကောင်းဖြစ်ရသည်ဟု ဘာသာရေးခေါင်းဆောင်အသီးသီးပြော

ထန်တလန်မြို့ခံများနှင့် ထပ်တူစိတ်မကောင်းဖြစ်ရသည်ဟု ဘာသာရေးခေါင်းဆောင်အသီးသီးပြော

အောက်တိုဘာ ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၉ ရက် နေ့လယ်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသည့်အပေါ် ဘာသာရေး ခေါင်းဆောင်အသီးသီးက ထပ်တူဝမ်းနည်းစိတ်မကောင်း ဖြစ်ရပြီး ဘုရားသခင် စောင့်ရှောက်မှုများပေးပါရန် အသီးသီး ဆုတောင်းမေတ္တာ ပေးပို့ခဲ့ကြသည်။

ထန်တလန်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ မီးတင်ရှို့မှုများကြောင့် ထန်တလန်၏ အထင်ကရ ဘုရားကျောင်း နှစ်ကျောင်း အပါအဝင် လူနေအိမ် ၁၆၃ လုံး မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံကသိရသည်။

မေးမြန်း ၊ တင်ဆက် - ထွန်းထွန်းဝင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly