၂၀၁၅ ကြေးအမြင့်ဆုံုး ရရှိသည့် မင်းသားစာရင်းတွင် ဂျွန်နီဒပ် ထိပ်ဆုံးမှ ရပ်တည်

၂၀၁၅ ကြေးအမြင့်ဆုံုး ရရှိသည့် မင်းသားစာရင်းတွင် ဂျွန်နီဒပ် ထိပ်ဆုံးမှ ရပ်တည်

နယူးယော့ခ်၊ ဒီဇင်ဘာ ၂၅ ။             ။ ကမ္ဘာကျော် သရုပ်ဆောင်မင်းသား ဂျွန်နီဒပ်သည် Forbes မဂ္ဂဇင်း၏ ကြေးအမြင့်ဆုံး ရရှိသည့် သရုပ်ဆောင် မင်းသားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။

ပြီးခဲ့သည့်နှစ်က ဂျွန်နီဒပ်သည် နံပါတ်နှစ်နေရာတွင် ရပ်တည်ခဲ့သော်လည်း မကြာသေးမီက ထွက်ရှိခဲ့သော Mortdecai နှင့် Transcendence ဇာတ်ကားများကြောင့် နှစ်နှစ်ဆက်တိုက် ကြေးအ မြင့်ဆုံး ရရှိခဲ့သည့် မင်းသား အဒမ်ဆန်လာကို ကျော်လွန်ကာ ပထမနေရာတွင် ရပ်တည်ခဲ့သည်။

ဒပ်၏ Mortdecai ဇာတ်ကားသည် ရုပ်ရှင်ဇယားတွင် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄၇ သန်း ရရှိခဲ့သည့် ဇာတ်ကားတစ်ကား ဖြစ်ကြောင်းနှင့် ဒပ်ကို အမေရိကန် တစ်ဒေါ်လာပေးလျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀ ပြန်ရကြောင်း Forbes မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ကြေးအမြင့်ဆုံး ရရှိသည့် သရုပ်ဆောင်မင်းသား စာရင်းတွင် ဒန်ဇဲလ်ဝါရှင်တန်သည် ဒုတိယ နေရာတွင် ရပ်တည်နေကြောင်းနှင့် ၎င်းကို အမေရိကန် တစ်ဒေါ်လာပေးလျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၀ ပြန်ရသည်။

ဟာသသရုပ်ဆောင် မင်းသား ဝဲလ်ဖာရဲလ်သည် အမေရိကန် တစ်ဒေါ်လာပေးလျှင် အမေရိ ကန် ဒေါ်လာ ၆ ဒသမ ၈၀ ရရှိကာ တတိယနေရာတွင် ရပ်တည်နေပြီး လီအမ်နီဆွန်သည် အမေရိ ကန် တစ်ဒေါ်လာပေးလျှင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၀ ရရှိကာ စတုတ္ထနေရာတွင် ရပ်တည် နေသည်။

သရုပ်ဆောင်မင်းသား ဝဲလ်စမစ်သည် ထိပ်တန်း ငါးနေရာ စာရင်းတွင် ပါဝင်ခဲ့ပြီး ပဉ္စမနေရာမှ ရပ်တည်နေကြောင်းနှင့် ၎င်းကို အမေရိကန်ဒေါ်လာ တစ်ဒေါ်လာပေးလျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆၀ ပြန်ရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly