အမေရိကန် Billboard အကောင်းဆုံး တေးအယ်လ်ဘမ်စာရင်းတွင် အဒဲလ်၏ "25" အယ်လ်ဘမ် ထိပ်ဆုံးတွင် လေးပတ်ဆက်တိုက် ရပ်တည်

အမေရိကန် Billboard အကောင်းဆုံး တေးအယ်လ်ဘမ်စာရင်းတွင် အဒဲလ်၏ "25" အယ်လ်ဘမ် ထိပ်ဆုံးတွင် လေးပတ်ဆက်တိုက် ရပ်တည်

ဗြိတိန် နာမည်ကြီးအဆိုတော် အဒဲလ်၏ နောက်ဆုံးထွက်ရှိခဲ့သော တေးအယ်လ်ဘမ် "25" သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်က အမေရိကန် Billboard အကောင်းဆုံး တေးအယ်လ်ဘမ် ၂၀၀ စာရင်း၌ လေးပတ်ဆက်တိုက် ထိပ်ဆုံးမှ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး အောင်မြင်မှုများ ရရှိနေလျက်ရှိ ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စံချိန်မှတ်တမ်းများ ရရှိထားသည့် "25" အယ်လ်ဘမ်သည် ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် နောက်ထပ် အချပ်ရေပေါင်း ၇၂၈,၀၀၀ ရောင်းချခဲ့ရပြီး ထုတ်လွှင့်မှု အကြိမ်ရေပေါင်း ၈ ဒသမ ၄ သန်းထိ ရှိခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

ထို့ပြင် ဂရမ်မီဆု ခြောက်ဆုထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့သော ၎င်း၏ "21" အယ်လ်ဘမ်သည်လည်း ယခုသီတင်းပတ်ထဲတွင်လည်း အချပ်ရေပေါင်း ၄၉,၀၀၀ ရောင်းချခဲ့ ရသည်။
သူမ၏ ငါးနှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်အမေရိက ဖျော်ဖြေပွဲခရီးစဉ်အ တွက် လက်မှတ်များကို ပြီးခဲ့သည့် သီတင်းပတ်က စတင်ရောင်းချခဲ့ရာ မိနစ်ပိုင်းအတွင်း ရောင်းကုန် သွားခဲ့ခြင်းကြောင့် အသက် ၂၇ နှစ်အရွယ် အဆိုတော်၏ ဂီတအောင်မြင်မှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ရက်အနည်းငယ် အတွင်းကလည်း သူမ၏ သီချင်း "Hello" သည် တစ်နှစ်တာအတွင်း ပေါ်ပြူ လာအဖြစ်ဆုံးသော ဂီတဗီဒီယိုထဲတွင် ပါဝင်လာနိုင်ခဲ့သည်။ "25" ခွေသစ် ထွက်ရှိပြီးနောက် ဂူးဂဲလ် တွင် ယင်းကို ရှာဖွေကြည့်ရှုမှုပေါင်း ၄၃၉ သန်းထိ ရှိထားခဲ့သည်။

ယခုအပတ် ဘီလ်ဘုတ် Top 10  စာရင်းတွင် အသစ်ဝင်ရောက်လာသည့် အယ်လ်ဘမ်မရှိခဲ့ပဲ အဒဲလ်၏ "25" အယ်လ်ဘမ်သည် ဂျက်စတင်ဘီဘာ၏ "Purpose" အယ်လ်ဘမ် အပါအဝင် အခြား သော နာမည်ကြီး အနုပညာရှင်များ၏ တေးအယ်လ်ဘမ်များထက် အချပ်ရေပိုမို ရောင်းချထားခဲ့ရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags