ယိုယန်ဆောင် အီသီယိုပီယားသို့ ငွေကြေးများ လှူဒါန်း

ယိုယန်ဆောင် အီသီယိုပီယားသို့ ငွေကြေးများ လှူဒါန်း

တောင်ကိုရီးမင်းသား ယိုယန်ဆောင်သည် မကြာသေးမီက ပြလုပ်ခဲ့သော ဓာတ်ပုံပြပွဲနှင့် စာအုပ်ထုတ်ဝေခြင်းမှ ရရှိခဲ့သော အကျိုးအမြတ်များ အားလုံးကို အီသီယိုပီးယားနိုင်ငံတွင် ကလေး သူငယ်များ၏ ပညာရေးအတွက် ထောက်ပံ့မှုများ ပြုလုပ်ပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အ စည်းတစ်ခု (NGO) သို့ လှူဒါန်းခဲ့ကြောင်း ၎င်း၏ အေဂျင်စီ King Kong Entertainmentက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ယိုလှူဒါန်းသော ငွေများကို အီသီယိုပီးယားရှိ World Visinon နိုင်ငံတကာ အဖွဲ့၏ ကျေးရွာ ပညာရေး စီမံကိန်းတွင် သုံးစွဲသွားမည် ဖြစ်သည်။ ယိုသည် ဆိုလာပြားများ၊ စာသင်ခန်းများအတွက် စာပွဲခုံနှင့် ကုလားထိုင်များ၊ စာအုပ်များ၊ ရူးဖိနပ်များနှင့် ကျောင်းသားများ ဝတ်ဆင်နိုင်ရန် အာကစား ဝတ်စုံများကိုလည်း လှူဒါန်းခဲ့သည်။

ယိုသည် ၂၀၁၄ ခုနှစ်က ယင်းအဖွဲ့အစည်းနှင့် အီသီယိုပီးယားနိုင်ငံရှိ နိုနိုဟုခေါ်သော မြို့တွင် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ခဲ့သည်။ ယိုသည် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် သွားရောက်ခဲ့သည့် နေရာတွင် ရိုက်ကူးထားသော ဓာတ်ပုံများကို အခြေခံကာ စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပြီး ဓာတ်ပုံပြပွဲတစ်ခု ကျင်းပခဲ့သည်။

“အီသီယိုပီးယားနိုင်ငံရဲ့ စာသင်ကျောင်းတွေကို အရောင်အသွေး တောက်ပအောင် လုပ်ဆောင်ပေးခဲ့အတွက် ကျွန်တော်တို့ ယိုကို ကျေးဇူးတင်ပါတယ်။ ကလေးတွေရဲ့အနာဂတ် လင်းလက်တောက်ပဖို့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” ဟု   World Vision အဖွဲ့မှ ဒါရိုက်တာ ကင်ဆောင်ထယ်က ပြောကြားသည်။

ယိုသည် ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “Reply 1994” ဖြင့် ပရိတ်သတ်များ၏ အားပေးမှု ကို ရရှိခဲ့သူတစ်ဦး ဖြစ်သည်။ ယိုသည် လက်ရှိအချိန်တွင် “The Man Who Walked Through Wall” တေးသီချင်းတွင် ပါဝင် သရုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly