နိုင်ဂျီးရီးယားရှိ တရုတ်ကုမ္ပဏီများ လုပ်အား အလွဲသုံးစားလုပ်သည့် စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရ

By globalvoices
15 October 2021
နိုင်ဂျီးရီးယားရှိ တရုတ်ကုမ္ပဏီများ လုပ်အား အလွဲသုံးစားလုပ်သည့် စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရ

နိုင်ဂျီးရီးယား၏ ရေနံကြွယ်ဝသော နိုင်ဂျာ-မြစ်ဝကျွန်းပေါ်ဒေသရှိ အနောက်တောင်ပိုင်းမြို့များဖြစ်သော လာဂို့စ်၊ အိုဂန်နှင့် ဘီနန်မြို့တို့သည် တရုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးများအတွက် အဓိက ဦးတည်ရာ နေရာများ ဖြစ်သည်။

ယင်းတရုတ်ကုမ္ပဏီများက နိုင်ဂျီးရီးယား ဝန်ထမ်းများအား မကြာခဏနှိပ်စက်၊ အမြတ်ထုတ်ခြင်းနှင့် အနိုင်ကျင့်ခြင်းများ ပြုလုပ်လေ့ရှိပြီး ယင်းကို ခေါင်းငုံ့ခံနေရသည့် အခြေအနေဖြစ်ကြောင်း နိုင်ဂျီးရီးယားအမတ် နျူဒီအီလူမီလူက သတ်မှတ်ထားသည်။

နှစ်ပေါင်းများစွာ လူမျိုးရေးခွဲခြားမှု၊ ကိုယ်ထိလက်ရောက်စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာထိပါးမှု၊ ဒဏ်ရာရရှိမှုနှင့် တရုတ်သူဌေးများ၏ ပေါ့ဆမှု သို့မဟုတ် လက်လွတ်စပယ် အတည်ပြုလုပ်ဆောင်ခြင်းတို့ကြောင့် ဒေသခံ အလုပ် သမားများသေဆုံးသည်ဟူသော စွပ်စွဲချက်များ သတင်းစာမျက်နှာများပေါ်ထွက်လာခဲ့သော်လည်း ယင်းစွပ်စွဲချက် များအတွက် အရေးယူဆောင်ရွက်မှုအနည်းငယ်သာရှိသည်။

တရုတ်၏ ခါးပတ်လမ်းစီမံကိန်းတွင် နိုင်ဂျီးရီးယားရှိ တရုတ်ကုမ္ပဏီများ ချိုးဖောက်နေသည့် အဓိက အကြောင်းအရာ ၂ မျိုးဖြစ်သည့် ဘေးအန္တယ်ကင်းရှင်းရေးဆိုင် စံနှုန်းများလျော့နည်းမှုကြောင့် ဖြစ်ပေါ်သည့် စက်မှုလုပ်ငန်းပိုင်း မတော်တဆမှုနှင့် အဓမ္မလုပ်အားခိုင်းစေမှု ကို Global Voices Civic Media Observatory က သုသေတနပြုလုပ် ဖော်ထုတ်ခဲ့သည်။

နိုင်ဂျီးရီးယားသတင်းစာများနှင့် လူမှုကွန်ရက်များတွင် သတင်းထောက်များ၊ မျက်မြင်သက်သေများနှင့် အခြားသူများ ဝေမျှခဲ့သည့် ယင်းဇာတ်လမ်းများနှင့် စွပ်စွဲချက်များကို ဇာတ်လမ်းတစ်ခုအတူ တည်ဆောက် ခဲ့ကြပြီး ယင်းတွင် နိုင်ဂျီးရီးယားရှိ တရုတ်စက်ရုံပိုင်ရှင်များနှင့် စီးပွားရေး သမားများသည် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် အခွင့်အရေးများကို အလွဲသုံးစားပြုသည်ကို ပုံဖော်ခဲ့သည်။

စွပ်စွဲချက်တိုင်းကို သက်သေမပြနိုင်သေးသော်လည်း နိုင်ဂျီးရီးယားတွင် တရုတ်များသည် မျှတသော အလုပ်ရှင်နှင့် စေတနာကောင်းသော လက်တွဲဖော်များဖြစ်သည်ဟူသော ပုံရိပ်ကို ထိခိုက်စေခဲ့သည်။

နိုင်ဂျီးရီးယား၏ အလုပ်သမားဥပဒေများနှင့် နိုင်ငံတကာ အလုပ်သမားရေးရာ သဘောတူညီချက်များကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ချိုးဖောက်နေသည်ဆိုသော စွပ်စွဲချက်များအား တုံ့ပြန်ရန် နိုင်ဂျီးရီးယား ဖက်ဒရယ်အစိုးရက နှုတ်ပိတ်နေခြင်းက နှစ်နိုင်ငံအကြားဆက်ဆံရေး အချိုးမညီမျှမှုကို ညွှန်ပြနေသည်။

နိုင်ဂျီးရီးယားနိုင်ငံခြားဘာသာစကားဘာသာပြန်သူများအသင်း (AFLAN) ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆိုလာ အကင်ဆီဟင်ဝါက”အမျိုးသမီး များက ဓာတ်ငွေ့နံ့ရသောကြောင့် ရှာဖွေခဲ့ရာ အဆောင်မီးဖိုချောင်ကို ဖြတ်သွားသော ဓာတ်ငွေ့ပိုက် လိုင်းတစ်ခု တရုတ်ကုမ္ပဏီက တပ်ဆင်ထားကြောင်းတွေ့ရှိခဲ့ရသည်။ ယင်ဖမ်းစက်မှ မီးပွားကြောင့်ပင် ယင်းသည် ပေါက်ကွဲမှုဖြစ်စေနိုင်သည်ဟု” WhatsAppနှင့် အီးမေးလ်မှ တဆင့် Global Voices သို့ ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားဥပဒေအရာရှိများနှင့် တရုတ်များက လာဘ်ပေးလာဘ်ယူမှုများပြုလုပ်လေ့ရှိသောကြောင့် တရုတ်ကုမ္ပဏီများက အလုပ်သမားဥပဒေချိုးဖောက်ခြင်းသည်ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly