ဟားခါးမြို့ရှိ လဝက ရုံးမီးလောင်

ဟားခါးမြို့ရှိ လဝက ရုံးမီးလောင်

အောက်တိုဘာ ၁၅

ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးရုံး (လ ၀ က)တွင် အောက်တိုဘာလ ၁၄ ရက်နေ့ ညက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ချင်းဦးစီးရပ်ကွက် ယဉ်ကျေးမှုပြတိုက်အနီးရှိ လဝကရုံးသည် ၁၀ နာရီ မိနစ်၃၀ အချိန်က စတင်လောင်ကျွမ်းပြီး ၁၁နာရီ မိနစ် ၂၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

“ မီးခိုးတွေစထွက်လာ။ အနီးနားကလူတွေကလည်း အပြင်ထွက်လို့မရဘူး ကိုဗစ်ကြောင့်ပါ။ ဒီအတိုင်းထိုင်ကြည့်နေရာတာ။ အဝေးကတော့ဆိုတော့ သေချာမမြင်ရဘူး။ မီးတောက်တော့ တော်တော်ကြီးတယ် “ ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးက “ဟားခါးမြို့ မီးသတ် မှာ CDM လုပ်တဲ့ မီးသတ်တွေလည်းရှိတယ်။ အများစုက လုပ်ကြတယ်။ တယောက်နှစ်ယောက်က မလုပ်ကြဘူး။ အခုမီးလောင်တော့ ဘယ်သူမှာမလာကြဘူး။ အဲရုံး နဲ့ အိမ်တွေကတော့ဝေးကြတယ်" ဟု ပြောသည်။

လက်ရှိ ဟားခါးမြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများ ရှိနေ၍ အောက်တိုဘာလ ၁၅ ရက်မှ ၃၀ ရက်အထိ နေအိမ်တွင်သာ Stay Home နေထိုင်ရန် ဒေသခံကျန်းမာရေးအဖွဲ့အစည်းများက ကြေငြာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly