ကိုရီးယားစစ်ပွဲ၌ တရုတ်၏အခန်းကဏ္ဍကို မေးခွန်းထုတ်သည့် တရုတ်ဂျာနယ်လစ်ဟောင်း ဖမ်းဆီးခံရ

ကိုရီးယားစစ်ပွဲ၌ တရုတ်၏အခန်းကဏ္ဍကို မေးခွန်းထုတ်သည့် တရုတ်ဂျာနယ်လစ်ဟောင်း ဖမ်းဆီးခံရ

ကိုရီးယားစစ်ပွဲအတွင်း တရုတ်၏အခန်းကဏ္ဍနှင့် အဆိုပါဖြစ်ရပ်ကို ရိုက်ကူးထားသော လူကြိုက်များသည့် ရုပ်ရှင်၌ တင်ပြထားပုံကို ဝေဖန်သည့် တရုတ်ဂျာနယ်လစ်ဟောင်းတစ်ဦးကို ရဲများ၏ ဖမ်းဆီးလိုက်သည်။

အသက် ၄၀ နှစ်အရွယ် လျိုချန်ဖျင်သည် အစိုးရကရိုက်ကူးသည့်ရုပ်ရှင် ‘The Battle at Lake Changjin’ အပေါ် ထင်မြင်ချက်ပေးမှုအတွက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထိုရုပ်ရှင်သည် ချိုဆင်ရေလှောင်တမံတိုက်ပွဲတွင် အမေရိကန် ဆုံးရှုံးမှုကို သရုပ်ဖော်ထားသည်ဟု The New York Times (NYT) ကဖော်ပြခဲ့သည်။

လျိုသည်မြောက်ကိုရီးယားက တောင်ကိုရီးယားကို ကျူးကျော်စဉ်တွင် တရုတ်ဝင်ရောက်စွက်ဖက်မှု၏ ဥပဒေဆိုင်ရာ ကြောင်းကျိုးခိုင်လုံမှုအပေါ် လူမှုမီဒီယာပလက်ဖောင်း Weibo တွင် ရေးသား မေးခွန်းထုတ်ပြီးနောက် ထိန်းသိမ်းခံလိုက်ရသည်။

‘The Battle at Lake Changjin’ဇာတ်ကားသည် တရုတ်ရုပ်ရှင်သမိုင်းတွင် အခမ်းနားဆုံးဖြစ်မည်ဟု မျှော်လင့်ထားသည်။ ၎င်းရုပ်ရှင်သည်နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများ၏ မျိုးချစ်စိတ်ဓာတ်ကိုအမြင့်ဆုံးသို့ တွန်းပို့ခဲ့သည်ဟု တရုတ်အစိုးရမီဒီယာ Global Times ကဖော်ပြခဲ့သည်။ အဆိုပါရုပ်ရှင်သည် အမေရိကန်ဒေါ်လာ ၅၂၁ သန်းကျော် ဝင်ငွေရရှိခဲ့သည်။

လျိုချန်ဖျင်သည်သူ၏ Weiboအကောင့်တွင် တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်း (CPV) အာဇာနည်များကို သရော်ရန်နှင့်အရှက်ခွဲရန် သုံးနှုန်းရေးသားမှုများရှိခဲ့ကာ အင်တာနက်အသုံးပြုသည့် တရုတ်လူမျိုးများစွာကို ဒေါသထွက်စေခဲ့ပြီး နောက်ပိုင်းတွင် သူ၏အကောင့် အပိတ်ခံခဲ့ရကြောင်း Global Times တွင် ဖော်ပြထားသည်။

လျိုဖမ်းဆီးခံရမှုကို နိုင်ငံပိုင်မီဒီယာနှင့်တရုတ်၏ အဓိကရုပ်မြင်သံကြားကွန်ရက်တွင် ဝါဒဖြန့်ခဲ့သည်။ ထိုအချိန်ကတည်းက သူ၏ Weiboအကောင့်သည်အပိတ်ခံလိုက်ရပြီး မူရင်းပို့စ်ကိုလည်း ဖျက်ပစ်လိုက်သည်။

ပြီးခဲ့သည့်ဇွန်လက နာမည်ကျော်တရုတ်ဘလော့ဂါတစ်ဦးသည် အိန္ဒိယနှင့်ဖြစ်ပွားသော ဂယ်ဝမ်တောင်ကြား ဖြစ်ရပ်တွင် စစ်တပ်အသေအပျောက်များမှုနှင့်ပတ်သက်သော သူ၏မှတ်ချက်များအတွက်ထောင်ဒဏ် ၈ လချမှတ်ခံရသည်။

အင်တာနက်မှတစ်ဆင့်လူသိများသောစောင့်ကြည့်သူ၂ ဒသမ ၅ သန်းကျော်ရှိသည့် ချိုဇီမင်းသည် အာဇာနည်များအား အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၈လချမှတ်ခံရပြီး ရာဇဝတ်မှုဆိုင်ရာဥပဒေ၌ ပြင်ဆင်ချက်အသစ်ထည့်ပြီးနောက် တရုတ်တွင်ထိုသို့သောအမှုဖြင့် ပထမဆုံးအပြစ်ပေးခံရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly