သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြံုရေးဆိုင်ရာဥပဒေကြမ်း လွှတ်တော်တွင်ဆွေးနွေးရန် သဘောတူ

သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြံုရေးဆိုင်ရာဥပဒေကြမ်း လွှတ်တော်တွင်ဆွေးနွေးရန် သဘောတူ

နေပြည်တော်၊ ဒီဇင်ဘာ၂၁ ။             ။ သမ္မတသည် နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ပြီးသည့်နောက် ၎င်းနှင့်မိသားစုဝင်များ လုံခြုံစွာနေထိုင်နိုင်ရန် ရည်ရွယ်ပြဌာန်းထားသည့် နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပေဒကြမ်းကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူဆုံးဖြတ်ခဲ့သည်။

ယင်းဥပဒေကြမ်းကို ရည်ရွယ်ချက်သုံးရပ်ဖြင့် ရေးဆွဲတင်ပြခြင်းဖြစ်ပြီး အခန်းပေါင်း(၅)ခန်း၊ ပုဒ်မပေါင်း(၁၄)ခုနှင့် ရေးဆွဲထားပြီး နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏အသက် အန္တရာယ်နှင့်ကိုယ်ကာယ ကို ထိခိုက်ခြင်းမှ ကြိုတင်ကာကွယ်ရန် လုံခြံရေးဆိုင်ရာဆောင်ရွက်နိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဒီဇင်ဘာလ(၂၁)ရက်က ကျင်းပသည့် ပြည်တော်လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသည့် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပေဒကြမ်းကို ပြည်သူ့လွှတ်တော်၌ စတင်ဆွေးနွေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်ရုံးက ဒီဇင်ဘာ၁၈ရက်က ပေးပို့ခဲ့ကြောင်း နှင့် နိုင်ငံအသီးသီးတွင်လည်း အလားတူ ဥပဒေမျိုးပြဌာန်းထားသည်ကို တွေ့ရကြောင်း ပြည်သူ့လွှတ်တော် ဥပေဒကြမ်းကော်မတီက ပြည်သူ့လွှတ်တော်သို့ အစီအရင်ခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံအသီးသီးမှာလည်း ပြဌာန်းထားတာကိုတွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း Homar Presidents Act ဆိုပြီးတော့ တွေ့ရသလို အင်္ဂလန်နိုင်ငံမှာ Public Servise Person Act ဆိုပြီးတွေ့ပါတယ်" ဟု ပြည်သူ့လွှတ်တော် ဥပေဒကြမ်းကော်မတီကမှ ဦးစောလှထွန်းက လွတ်တော်တွင် အစီအရင်ခံခဲ့သည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ တင်သွင်းသည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင်ရာဥပေဒကြမ်းကို ပြည်သူ့လွှတော် ဥပဒေကြမ်းကော်မတီမှ တွေ့ရှိချက်များနှင့်ပြင်ဆင်နိုင်ရန် အချက်(၆) ချက်တို့ကို လွှတ်တော်သို့ အစီအရင်ခံခဲ့သည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်း အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုများ တင်သွင်းလိုသည့် ကိုယ်စားလှယ်များသည် မိမိတို့ ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်နှင့်အပိုဒ်ခွဲ အကြောင်း အရာတို့ကို ဖော်ပြ၍ ဒီဇင်ဘာ ၂၃ရက် နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရန် ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပေဒကြမ်းကို (က) နိုင်ငံတော် သမ္မတ တာဝန်ထမ်ဆောင်ခဲ့သူ၏ အသက်အန္တရယ်နှင့် ကိုယ်ကာယကို ထိခိုက်ခြင်းမှ ကြိုတင်ကာကွယ်ရေး သို့မဟုတ် ကာကွယ်နိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ရန်၊ (ခ) နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအား မိသားစုနှင့် အတူ လုံခြုံစွာနှင့် စိတ်အေးသက်သာစွာ နေထိုင်နိုင်စေရန်၊ (ဂ) နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ပြီးနောက် ပိုင်းတွင် သမ္မတတာဝန်ထမ်းဆောင်စဉ်က ဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့မှုများနှင့်စပ်လျဉ်း၍ အနှောက်အယှက်ပေးခြင်း၊အန္တရာယ်ပြုခြင်းတို့မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags