ဒေါ်အောင်ဆန်းစုကြည်ပုံကို မဖွယ်မရာပုံအဖြစ်တင်သည်ဟုဆိုကာ တိုင်ကြားခံရသူကို ဒီဇင်ဘာ ၃၀ရက်တွင် ရုံးချိန်း

ဒေါ်အောင်ဆန်းစုကြည်ပုံကို မဖွယ်မရာပုံအဖြစ်တင်သည်ဟုဆိုကာ တိုင်ကြားခံရသူကို ဒီဇင်ဘာ ၃၀ရက်တွင် ရုံးချိန်း

ကန်ကြီးထောင့်၊ ဒီဇင်ဘာ ၂၁ ။ ။ ဒေါ်အောင်ဆန်းစုကြည်ပုံအား မဖွယ်ရာပြုလုပ်ထားသည့် ဓာတ်ပုံတင်သည့် Thu Thu အကောင့်ပိုင်ရှင် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ တွဲဘက်အတွင်းအရေးမှူး ဦးသန်းထွန်းအား ဒီဇင်ဘာ ၂၁ရက်က တတိယမြောက် ရုံးတင်စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဒီဇင်ဘာ ၃၀ရက်တွင် ပြန်လည် ချိန်းဆိုလိုက်သည်။ 

ဦးသန်းထွန်းကို အီလက်ထရောနစ်ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည်။

"Thu Thuအကောင့်ကို ဦးသန်းထွန်းသုံးပြီးတင်တာမို့ ကျွန်တော် အမှုဖွင့်ခဲ့တာ၊ အခု ကျွန်တော်တင်ထားတဲ့ သက်သေတွေ ပါမလာဘူး၊ အမှုမဖွင့်ခင် ညှိနှိုင်းတုန်းက သူတို့မီဒီယာရှေ့မှာ မတောင်းပန်နိုင်လို့ အမှုဖွင့်တာပါ" ဟု တရားလိုပြုတိုင်းကြားသူ ဦးစည်သူအောင်က မဇ္ဈိမကို ပြောသည်။ 

ရုံးချိန်းတွင် တရားလိုအား နှစ်ဘက်ရှေနေ့များမှ အပြန်အလှန် စစ်ဆေးမှုများပြုလုပ်ပြီး အမှုအား ဒီဇင်ဘာလ ၃၀ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

"Thu Thu အကောင့်ကို ဦးသန်းထွန်းသုံးတာမို့လို့ အမှုမဖွင့်ခင်တောင်းပန်းဖို့  ညှိနှိုင်းတုန်းက သူက မီဒီယာရှေ့မှာ တောင်းပန်ဖို့ဆိုရင် အထက်တင်ပြရမှာဆို့လို အမှုဖွင့်တာပါ။ အခုလည်း ကျွန်တော့်ဘက် တင်ပြထားတဲ့ သက်သေ၃ ဦး မပါဘူး" ဟု ဦးစည်သူအောင်က မဇ္ဈိမသို့ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ၁၇ ရက်က ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ThuThu ဆိုသည့် အကောင့်ပိုင်ရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား photoshop ဖြင့် မဖွယ်မရာ ဓာတ်ပုံအဖြစ် ပြုလုပ်သဖြင့် ကန်ကြီးထောင့်မြို့နယ်က ဦးစည်သူအောင်က အမှုဖွင့်တိုင်ကြားခဲ့ပြီး ဦးသန်းထွန်းကို နိုဝင်ဘာ ၂၅ရက်တွင် ဖမ်းဆီးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly