သရဖူ ရရှိသူ မှားယွင်း ကြေညာ မိတာကြောင့် ပရိသတ် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည့် မယ်စကြာဝဠာ ၂၀၁၅ ရွေးချယ်ပွဲ

သရဖူ ရရှိသူ မှားယွင်း ကြေညာ မိတာကြောင့် ပရိသတ် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည့် မယ်စကြာဝဠာ ၂၀၁၅ ရွေးချယ်ပွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ။             ။ အမေရိကန် နိုင်ငံ LasVegas တွင် ဒီဇင်ဘာ ၂၀ရက်၌ ကျင်းပခဲ့သည့် Miss Universe 2015 စင်မြင့်ပေါ်တွင် Miss Universe 2015 သရဖူ ရရှိသူကို မှားယွင်း ကြေညာသည့် အဖြစ်အပျက် တစ်ခု ဖြစ်ပေါ် ခဲ့ပြီး ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့သည်။

အမေရိကန်နိုင်ငံတွင် Miss Universe 2015 ပြိုင်ပွဲ ကျင်းပချိန်သည် ဒီဇင်ဘာ ၂၀ရက် ည ဖြစ်ပြီး  မြန်မာ စံတော်ချိန် အနေဖြင့် ဒီဇင်ဘာ ၂၁ ရက် နံနက်၆နာရီတွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

Miss Universe 2015 အဖြစ် Colombia အလှမယ် ရရှိကြောင်း စင်မြင့်ပေါ်တွင် အစီအစဉ် တင်ဆက်သူက ကြေညာခဲ့သလို Colombia အလှမယ်သည်လည်း စင်မြင့်ပေါ်တွင် သရဖူ လွှဲပြောင်း လက်ခံယူပြီးချိန်တွင် Miss Universe 2015 အဖြစ် ဖိလစ်ပိုင် အလှမယ်မှ ရရှိကြောင်း ပြန်လည် ကြေညာခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်တွင် လာရောက် ကြည့်ရှုကြသည့် ပရိသတ်များအပြင် အွန်လိုင်းမှ တိုက်ရိုက် ကြည့်ရှုနေကြသည့် ပရိသတ်များ ကြားမှာပါ ဝေဖန် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

Miss Universe 2015 အဖြစ် Miss Philippines အလှမယ် Pia Alonzo Wurtzbach ၊ 1st Runner Up ကို Miss Colombia အလှမယ် Ariadna Gutierrez ၊ 2nd Runner Up ကို Miss USA အလှမယ် Olivia Jordan တို့မှ အသီးသီး ရရှိခဲ့ကြသည်။

Miss Universe 2015 ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၈၀ မှ အလှမယ် များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံမှလည်း ကိုယ်စားပြု အလှမယ် အဖြစ် မေဘရဏီသော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

Miss Universe 2015 ရရှိထားရာမှ 1st Runner Up ရရှိ ခဲ့သည့် Miss Colombia အလှမယ် Ariadna Gutierrez မှ ပြိုင်ပွဲ အပြီးတွင် ဆုရရှိကြသည့် သူများ အားလုံးအတွက် ဝမ်းသာ မိကြောင်း Miss Universe ၏ ဖေ့ဘုတ် စာမျက်နှာတွင် A message from Miss Universe Colombia ခေါင်းစဉ်ဖြင့် တင်ထားသည့် ဗီဒီယိုတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သည့် အလှမယ် မေဘရဏီသော်သည် ပြိုင်ပွဲ တစ်လျှောက် ကြိုးစား ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ် အားပေးမှု ရရှိခဲ့ကာ အကောင်းဆုံး ညနေခင်း ဝတ်စုံ Top 10 စာရင်းတွင် နံပါတ်တစ် နေရာတွင် တည်ရှိခဲ့သည်။  

အလှမယ် မေဘရဏီသော် သည် Miss Universe 2015 ပြိုင်ပွဲ ပြီးစီးသွားပြီ ဖြစ်သည့် အတွက် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၃ရက် ညနေ ၆နာရီခွဲ အချိန်တွင် ပြန်လည်ရောက် ရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags