စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူကို ကရင်နီဂျန်ဇီအထူးတပ်ဖွဲ့ဖမ်းဆီး

စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူကို ကရင်နီဂျန်ဇီအထူးတပ်ဖွဲ့ဖမ်းဆီး

အောက်တိုဘာ ၂

ဒီးမော့ဆိုမြို့နယ်အတွင်း စုံစမ်းထောက်လှမ်းမှုများလုပ်သည်ဟု သင်္ကာမကင်းဖြစ်စရာရှိသော စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူတစ်ဦးကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း မဇ္ဈိမကိုပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ ၊ဘုရားဖြူရပ်ကွက်ရှိ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း အဆရ(၁၀) မှာ အသက် ၃၇ အရွယ်ရှိ ဒုတပ်ကြပ် သိန်းဇော်ကို ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီး စုံစမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဂိတ်မှာ မင်္သကာလို့ သူကိုဖမ်းပြီး စစ်တာ အဲမှာ သူကိုမိတာ။ ဒလန်လာလုပ်တာနေမယ်။ အိတ်ထဲမှာသူ ယူနီဖောင်း နဲ့ ဖုန်းတွေ့တယ်။ အဆရ (၁၀) တပ်ရင်းကလို့ပြောတယ်။ ထပ်မေးတော့ လွိုင်ကော်အခြေစိုက် ဒကစ တပ်ကနေ့ ထွက်ပြေးလာတာလို့ပြောတယ်။ သူက ဖမ်းမိပြီး စစ်တော့မှာ ဖြေတာ ။ သူအလိုလိုဖြေတာမဟုတ်ဘူး “ ဟု သိန်းဇော်ကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့ က မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိသည့် ဒုတပ်ကြပ်သိန်းဇော်ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။

ယနေ့မနက်ပိုင်းအချိန်ကလည်း ကုန်းသာကျေးရွာ နဲ့ သေးဆူလဲကကျေးရွာ ကြားတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်း နင်းမိကြောင့် အသက် ၄၀အရွယ် မဌေးဌေးဆိုသည့်အမျိုးသမီးတဦး ညာဘက်ခြေထောက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly