အကြမ်းဖက်စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီးအမျိုးသမီးတဦး ခြေတဖက်ပြတ်

အကြမ်းဖက်စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီးအမျိုးသမီးတဦး ခြေတဖက်ပြတ်

ကရင်နီပြည်နယ် ၊ဒီးမော့ဆိုမြို့နယ်ရှိ ကုန်းသာ ကျေးရွာနှင့် သေးဆူလဲကျေးရွာအကြား နေအိမ်တလုံးရှေ့တွင် အကြမ်းဖက်စစ်ကောင်စီ ထောင်ထားသည့် မိုင်း နင်းမိသည့် အမျိုးသမီး ညာဘက် ခြေထောက် ခြေမျက်စိအပေါ်ပိုင်း ပြတ်ထွက်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။

ကုန်းသာကျေးရွာနှင့် သေးဆူလဲကျေးရွာ တို့တွင် စစ်ကောင်စီတပ်ဖွဲ့က လူနေအိမ်များအနီးတွင် မိုင်းထောင်သွားခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီထောင်ထားတဲ့ ၁၄မိုင်းလို့ခေါ်တဲ့ မိုင်းထိသွားတာ။ ခြေမျက်စိအပေါ်ပိုင်းပြတ်သွားတယ်။ သူ့အိမ်က မီးရှိုခံရတဲ့အထဲ ပါတယ်။ အခုက သူတို့ ကျောင်းဆရာမ အိမ်ကို အလယ်သွားရင်း ထိတာ။ အိမ်ထဲဝင်တုန်းက မထိဘူး ။ အပြင်ပြန်ထွက်ပြီး ဆိုင်ကယ်ပေါ်က ငှက်ပျောသီးယူပြီး အိမ်ပြန်ဝင် အဝင်၀ မှာ ထိသွားတာ “Karenni Generation Z.(KGZ) ၏အထူးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမသတင်းဌာနကိုပြောသည်။

ပိုးသတ်ဆေး ၊ လယ်ယာထွက် ပစ္စည်းများရောင်းချသည့် အသက် ၄၀ အရွယ်ရှိ မဌေး‌ဌေးဝင်း သည် ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့် က အကြမ်းဖက်စစ်ကောင်စီ များ ထောင်ထားသည့် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မိုင်းထိ မှန်ထားသည့် မဌေးဌေးဝင်း ကို နီးစပ်ရာ လွှိုင်နန်းဖ ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမှုများရှိနေပြီး နေ့စဉ်ဆိုသလို တိုက်ပွားများ ဖြစ်ပွားနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly