Singles မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ရိန်း

Singles မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ရိန်း

ဆိုးလ်၊ ဒီဇင်ဘာ ၂၀ ။              ။ တောင်ကိုရီးယားမင်းသား အဆိုတော် ရိန်းသည် Singles မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံ ရိုက်ပေးခဲ့သည်။ ရိန်းသည် ဗီပုံစံလည်းပင် သိုးမွှေးအင်္ကျီ၊ အဖြူရောင်တီရှပ်နှင့် ဂျင်းဘောင်ဘီကဲ့သို့ သော အဝတ်အထည်များကို ဝတ်ဆင်ကာ ဓာတ်ပုံရိုက်ခဲ့ကြောင်းနှင့်  ရိန်းသည် သက်တောင့်သက် သာနှင့် ပေါ့ပေါ့ပါးပါး စတိုင်များကိုသာ ဝတ်ဆင်ခဲ့သည်။

ရိန်းသည် မကြာသေးမီက ဆိုးလ်မြို့တွင် လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပခဲ့သည်။ ရိန်းသည် ၎င်း၏ ဒုတိယအကြိမ်မြောက် ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ကွမ်ကျိုး၊ ရှန်ဟိုင်းနှင့် ဟောင်ကောင်ရှိ အခြားသော နေရာများတွင် လုပ်ဆောင်ရန် မျှော်မှန်းထားသည်။

“ဖျော်ဖြေပွဲမတိုင်မီ တွေ့ဆုံမေးမြန်းမှု အစီစဉ်တွေကို လုပ်ဆောင်သွားမှာပါ။ ကျွန်တော် ကိုယ်ပိုင်အချိန်တွေကို ပျော်ရွှင်မိပါတယ်” ဟု ရိန်းက ပြောကြားခဲ့သည်။

လက်ရှိ လုပ်ဆောင်နေသော တေးသီချင်းအယ်လ်ဘမ်နှင့် ပတ်သက်၍ ရိန်းက “ကိုရီးယား ပရိတ်သတ်တွေအတွက် တေးသီချင်း အယ်လ်ဘမ်သစ်ဟာ လုံးဝ ပြီးစီးနေပါပြီ။ တေးအယ်လ်ဘမ်ကို ကျွန်တော်ကိုယ်တိုင် ထုတ်ဝေသွားမှာပါ။ ဒါဟာ ကျွန်တော်ရဲ့ ပွဲဦးထွက် တေးသီချင်းအယ်လ်ဘမ် ဖြစ်မှာပါ” ဟု ရိန်းက ပြောကြားသည်။

ဘယ်တော့မှ အရှုံးမပေးသည့် ကိစ္စတစ်ခုနှင့် ပတ်သက်၍ ရိန်းကို မေးမြန်းမှုများ ပြုလုပ်ခဲ့ သည်။ “ကျွန်တော် ဘယ်အရာကိုမှ အရှုံးပေးမှာ မဟုတ်ပါဘူး။ လိုအပ်မယ်ဆိုရင် ကျွန်တော် အောက်ခြေက တစ်ဖန် ပြန်စလုပ်မှာပါ” ဟု ရိန်းက ပြောကြားခဲ့သည်။ ရိန်း၏ ဓာတ်ပုံများနှင့် တွေ့ဆုံမေးမြန်မှုများကို ၂၀၁၆ ဇန်နဝါရီလထုတ်  Singles မဂ္ဂဇင်းတွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly