တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေ‌ပြီဟု ပူတာအို-PDF ကြေညာ

တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေ‌ပြီဟု ပူတာအို-PDF ကြေညာ

စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အခြေစိုက် လှုပ်ရှားနေသော အဖွဲ့တစ်ခုဖြစ်သည့် ပူတာအို -PDFက မိဘပြည်သူများမျှော်လင့်ထားသည့် အတိုင်း စစ်အာဏာရှင်ကျဆုံးစေရေး တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေပြီဟု စက်တင်ဘာ ၂၈ရက်တွင် ကြေညာလိုက်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပူတာအိုသို့ အောက်တိုဘာလဆန်းပိုင်းတွင် လာရောက်ရန်ရှိနေချိန်တွင် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူးမြို့တို့မှ ပြည်သူ့စစ်အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရန်ရှိ‌နေကြောင်း ကြားသိရပြီး ခရီးစဉ်လုံခြုံရေးအတွက် ပြင်ဆင်နေကြောင်းလည်း သိရသည်။

သို့သော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက စစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်မည်မဟုတ်ဘဲ ဒုတပ်ချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အခြားအရာရှိများသာ လာရောက်နိုင်ဖွယ် ရှိ‌ကြောင်း ဆိုသည်။

အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာ ၁၉ ရက်က ပူတာအိုသို့ သွားရန်စီစဉ်ခဲ့သော်လည်း KIA မှ ဖြတ်သန်းခွင့်မပြုခြင်းကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရသည်။

ပူတာအို-PDF သည် KIO/KIA ၏ ဦးဆောင်မှုအောက်တွင်ရှိနေသေးကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်ကထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly