လှိုင်သာယာ BOC မီးပွိုင့် ယာဉ်ထိန်းရဲရုံးအနီးပေါက်ကွဲမှုဖြစ်

လှိုင်သာယာ BOC မီးပွိုင့် ယာဉ်ထိန်းရဲရုံးအနီးပေါက်ကွဲမှုဖြစ်

စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ BOC မီးပွိုင့်ရှိ ယာဉ်ထိန်းရဲရုံးအနီးတွင် ယနေ့ စက်တင်ဘာလ ၂၉ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်သွားကြောင်း ဒေသခံများက‌ ပြောသည်။

အဆိုပါပေါက်ကွဲမှုသည် မိမိတို့လက်ချက်ဖြစ်ကြောင်း လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF) ကအတည်ပြု ပြောကြားသည်။

“ ဒီမနက် ၆နာရီ ၅၀မိနစ်က BOC မီးပွိုင့်က ယာဉ်ထိန်းရဲရုံးနား ဖောက်ခွဲခဲ့တာပါ။ တကယ်သူတို့ကိုထိမယ့်အလုံးက မကွဲတော့ အဲဒီနားလာတဲ့သူ ကံကောင်းသွားတာပါ။ ထိခိုက်မှုတော့ မရှိလိုက်ဘူးဗျ ”ဟု CGF ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဥ်အပြီး စစ်ကောင်စီတပ်များက အနီးအနားဝန်းကျင်၌ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက် ကလည်း ပုသိမ်လမ်းမပေါ်ရှိ အောက်ထိပ်မှတ်တိုင်အနီးတွင် စစ်ကောင်စီယာဉ်တန်းကို CGF တပ်ဖွဲ့ဝင်များက အဝေးထိန်းဗုံး နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly