လေးမျက်နှာမြို ့နယ် အိုင်သပြုကျေးရွာ ကမ်းပါးထပ်ပြို အိမ် ၄၃လုံးရွှေ့ပြောင်းရ

လေးမျက်နှာမြို ့နယ် အိုင်သပြုကျေးရွာ ကမ်းပါးထပ်ပြို အိမ် ၄၃လုံးရွှေ့ပြောင်းရ
ဓာတ်ပုံ-စည်သူမောင်မောင်

လေးမျက်နှာ၊ဒီဇင်ဘာ ၁၈ ။                ။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြု ကျေးရွာတွင် ဒီဇင်ဘာ ၁၇ရက်နေ့က ငဝန်မြစ်ကမ်းပါးထပ်မံပြိုကျသည့်အတွက် လူနေအိမ်ခြေ ၄၃လုံး ပြောင်းရွှေ့ခဲ့ရသည်ကိုတွေ့ရသည်။

ယင်းနေ့ နံနက်ပိုင်းက မြေကြီးများအက်ကြောင်းဖြစ်လာခြင်းကြောင့် အိမ်များရွှေ့ပေးခဲ့ရပြီး နေ့လည်တစ်နာရီကျော်တွင် အလျား၁၅၀ပေ၊ အနံပေ ၅၀ နိမ့်ဆင်သွားကြောင်း အိုင်သပြုကျေးရွာ ဖွံဖြိုးရေးထောက်ကူပြုကော်မတီ မှဦးခင်မောင်လွင် ပြောသည်။

"ကမ်းပါး ထိန်းသိမ်းဖို့လိုပြီး မြေ ထပ်ပြိုနိုင်တယ်၊တာအပြင်ဘက်မှာအခုထပ်ဖြစ်တာက ဆက်ဖြစ်လာရင် တာ အတွက်စိုးရိမ်းရတယ်၊အခုတခါ ပြိုတာ အဆိုးဆုံးပဲ"ဟု အိုင်သပြုကျေးရွာ ဖွံဖြိုးရေးထောက်ကူပြုကော်မတီ မှဦးခင်မောင်လွင် ပြောသည်။

ဒီဇင်ဘာလ ၁၃ရက်နေ့ က ညနေပိုင်းမှ မြေကြီးပြတ်ကြောင်းများဖြစ်ပေါ်ပြီး အိမ် ၆လုံးအား နေရာရွေ့ပေးခဲ့ရသည့်အတွက် လတ်တလောအခြေအနေတွင် အိမ်စုစုပေါင်း ၄၉လုံးအား ယာယီနေရာချပေးထားသည်။

"အခု ပြိုကျမှ သက်တမ်းတလျှောက်မှာ ကြီးမားတယ်ပြိုကျမှုမျိုးမဖြစ်ဘူး၊အခု တာ နဲ့အရမ်းကပ်သွားပြီး၊ြ ဖစ်စဉ် အပေါ်မှာထိထိရောက်ရောက် မကာကွယ်နိုင်ဘူးဆိုရင် အိုင်သပြု တာ ပန်းလို ဖျက်လိုက်ရမယ် ရွာပျက်သွားမှာပါ"ဟု လေးမျက်နှာမြို့နယ်ပြည်သူလွှတ်တော်ရွေးချယ်ခံ ကိုယ်စားလှယ်ဦးဇော်မင်းသိန်း ကပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဆည်းမြောင်းဦးစီးဌာန မှ ငဝန်မြစ်အတွင်း အချက်အလက်များ လိုက်လံကောက်ခဲ့သည်ကိုတွေ့ရသည်။

မြေပြိုကျမှုများ အိုင်သပြု တာ နှင့် ပေ၁၅၀ အကွာတွင်ဖြစ်ပေါ်နေပြီး ဒေသခံများ တာ ထိခိုက်မှာအား စိုးရိမ်းလျက်ရှိပြီး တာ အတွင်းပိုင်တွင် အိမ်ခြေ ၁၅၀၀ကျော်တည်ရှိသည်။

ကမ်းပါးပြို ကျမှုသည့် နောက်ဆုံးအကြိမ်အဖြစ်၂၀၁၀ခုနှစ်တွင် အိုင်သပြု သဘောၤဆိပ်တွင်ဖြစ်ပွားခဲ့ပြီး၊ယခင်မြေပြိုများသည့် ပေအနည်းငယ်သာဖြစ်ကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly