မိုက်ကယ်ဂျက်ဆင်၏ “Thriller” တေးသီချင်းအယ်လ်ဘမ် အမေရိကန်ပြည်ထောင်စုတွင် ရောင်းအားအကောင်းဆုံး မှတ်တိုင်သစ် စိုက်ထူ

မိုက်ကယ်ဂျက်ဆင်၏ “Thriller” တေးသီချင်းအယ်လ်ဘမ် အမေရိကန်ပြည်ထောင်စုတွင် ရောင်းအားအကောင်းဆုံး မှတ်တိုင်သစ် စိုက်ထူ

ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်၏ “Thriller” တေးသီချင်း အယ်လ်ဘမ်သည် ထွက်ရှိခဲ့ပြီး နောက် နှစ်ပေါင်း ၃၀ ကျော်အကြာထိ ရောင်းအားကောင်းနေဆဲဖြစ်ပြီး အမေရိကန်ပြည်ထောင်စု တေးသီချင်း အယ်လ်ဘမ် ရောင်းချရမှု သမိုင်းတွင် သန်း ၃၀ အထိ စံချိန်တင်ရောင်းချနိုင်ခဲ့သည့် ပထမဆုံး တေးသီချင်းအယ်လ်ဘမ် ဖြစ်လာကြောင်း တေးသံသွင်းလုပ်ငန်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက် တွင်ပြောကြားသည်။

“Thriller” တေးသီချင်း အယ်လ်ဘမ်သည် ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့ကြောင်း နှင့် ၁၉၈၄ ခုနှစ် မတိုင်မီက အမေရိကန်ပြည်ထောင်စု တေးသီချင်းအယ်လ်ဘမ် ရောင်းချရမှုတွင် အချပ်ရေ သန်း ၂၀ ရောင်းချနိုင်ခဲ့ကြောင်း အမေရိကန် တေးသံသွင်းအဖွဲ့( RIAA ) ၏ ပြောကြားချက်အရ သိရသည်။

“Thriller” တေးသီချင်း အယ်လ်ဘမ်သည် ထွက်ရှိပြီးသည့် အချိန်မှစ၍ ၃၃ နှစ်အတွင်း ကမ္ဘာ တစ်ဝန်းတွင် အချပ်ရေ သန်းတစ်ရာကျော် ရောင်းချခဲ့ရပြီး ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှု တစ်ဘီလျံ ကျော်ဖြင့် 

မိုက်ကယ်ဂျက်ဆင်သည် သမိုင်းတွင်  ရောင်းအားအကောင်းဆုံး ပေါ့ကြယ်ပွင့်ဖြစ်ခဲ့သည်။ “RIAA ဟာ နှစ်ပေါင်း ၆၀ နီးပါး ကာလအတွင်း တေးဂီတလုပ်ငန်းကိုယ်စား ရောင်းအားအ ကောင်းဆုံး အသိအမှတ်ပြု ရွှေနှင့် ပလက်တီနမ် လက်မှတ်များကို ချီးမြှင့်ခဲ့ပါတယ်။ မိုက်ကယ်ဂျက် ဆင်ဟာ နှစ်သုံးဆယ်ကာလအတွင်း ရောင်းအားကျဆင်းခြင်း မရှိဘဲ တသတ်မတ်တည်း ရှိနေတဲ့ ပထမဆုံး အဆိုတော်ဖြစ်ပါတယ်” ဟု RIAA ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး အမှုဆောင်အကြီးအကဲ ကာရေးရှာ မန်က အစီရင်ခံစာတွင် ပြောကြားထားသည်။

“Thriller” တေးသီချင်းအယ်လ်ဘမ်သည် ကမ္ဘာတစ်ဝှမ်းတွင် အချပ်ရေ သန်း ၁၀၀ ရောင်းချ နိုင်ခဲ့ကြောင်း  RIAA ကထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၀၉ ခုနှစ်က မိုက်ကယ် ဂျက်ဆင် ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း “Thriller” တေးသီချင်း အယ်လ်ဘမ်သည် အမေရိကန်ပြည် ထောင်စုတွင် ၂ ဒသမ ၁ သန်းကျော် ရောင်းချနိုင်ခဲ့ကြောင်း  Nielsen Music တွင် ဖော်ပြထားသည်။

“Thriller” တေးသီချင်းအယ်လ်ဘမ် ပြီးနောက် နောက်ထပ် ရောင်းအားအကောင်းဆုံး တေးသီချင်း အယ်လ်ဘမ်သည် ရော့ခ်တေးဂီတအဖွဲ့ Eagles အဖွဲ့၏  “Their Greatest Hits 1971 - 1975” တေးသီချင်း အယ်လ်ဘမ်ဖြစ်ပြီး အချပ်ရေ ၂၉ သန်း ရောင်းချနိုင်ခဲ့ကြောင်း  RIAA တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly