Star Wars: Force Awakens ရုပ်ရှင်ကား ပွဲဦးထွက် ပြသ

Star Wars: Force Awakens ရုပ်ရှင်ကား ပွဲဦးထွက် ပြသ

“Star Wars: Force Awakens” ရုပ်ရှင်ကားကို  ဒီဇင်ဘာ ၁၄ ရက်က လော့စ်အိန်ဂျလိစ်မြို့တွင် ပွဲဦးထွက် ပြသခဲ့ကြောင်း နှင့်  ပွဲဦးထွက် ပြသပွဲသို့  ပရိတ်သတ်များ၊ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ထားသည့် သရုပ်ဆောင်များ တက်ရောက်ခဲ့ကြသည်။

“ Star Wars” ရုပ်ရှင်ကားတစ်ခုလုံးကို ဖန်တီးသူ ဂျော့လူးကက်စ်သည် ဟောလီးဝုဒ်ရုပ်ရှင်ရုံတွင် တတ်ရောက်လာသော ပရိတ်သတ်များ၏ အားပေးမှုကိုရရှိခဲ့ကြောင်း နှင့်ဂျော့လူးကက်စ်သည် ၎င်းနှင့် ကာလကြာရှည် ပူးပေါင်းဆောင်ရွက်ခဲ့သူ စတီဗင်စပီအာလ်ဘက် နှင့်ဘေချင်းကပ်တွင် ထိုင်ခဲ့သည်။

“ တီထွင်ဖန်တီးတဲ့သ ူမရှိဘူးဆိုရင် ဒီနေ့ည ကျွန်တော်တို့ ဒီနေရာမှာ ရှိနေမှာမဟုတ်ပါဘူး။ ဇာတ်ကားမှာ ပါဝင်တဲ့ သူတွေအားလုံးကိုယ်စား ဂျော့လူးကက်စ်ကို ကျေးဇူးတင်ပါတယ် ” ဟု  ရုပ်ရှင်ဒါရိုက်တာ ဂျေဂျေအေဘရမ်က ပြောကြားသည်။

၁၉၈၃ ခုနှစ်က  Star War ရုပ်ရှင်ကားတစ်ကားဖြစ်သည့် “ Return of the Jedi” ရုပ်ရှင်ကား ထွက်ရှိပြီးနောက် နှစ်သုံးဆယ်ကြာမှ “ Star Wars: Force Awakens” ထွက်ရှိခြင်းဖြစ်ကြောင်း နှင့်  Star War ဇာတ်ကောင်များဖြစ်သည့် ဟန်ဆိုလို ( မင်းသား ဟာရီဆန်ဖော့်ဒ် )၊ ဂျနရယ်လီအာ အော်ဂါနာ ( မင်းသမီး ကာရီဖစ်ရှာ ) နှင့် လူကီစကိုင်းဝဲလ်ကာ (  မင်းသား မက်ခ်ဟာမေးလ်) တို့၏ သရုပ်ဆောင်မှု ကိုပြန်လည်တွေ့မြင်ရခြင်းဖြစ်သည်။

လူးကက်စ်သည်   ၂၀၁၂ ခုနှစ်က “ Star Wars” ကို  Disney ကုမ္ပဏီသို့ အမေရိကန်ဒေါ်လာ ၄ ဒသမ သုည ၅ ဘီလီယံဖြင့် ရောင်းချခဲ့ကြောင်း နှင့် “ The Force Awakens”   ရုပ်ရှင်ကားသည်  စတူဒီယိုမှ သီခြားထုတ်လုပ်သည့် ပထမဆုံး ရုပ်ရှင်ကားသစ်ဖြစ်ပြီး ပထမဆုံး ဝတ္တူသစ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly