S.I.R ဖျော်ဖြေပွဲ တောင်ကြီးမြို့တွင် ကျင်းပ ပြုလုပ်မည်

S.I.R ဖျော်ဖြေပွဲ တောင်ကြီးမြို့တွင် ကျင်းပ ပြုလုပ်မည်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ။            ။ S.I.R အဖွဲ့ ၏ "TGI-F" Taung Gyi Festival New Year Rock Concert ကို တောင်ကြီးမြို့ ၊ ကျောက်တိုင် ကွင်း၌ ဒီဇင်ဘာ ၃၁ရက်တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ် သည်။

ထိုဖျော်ဖြေပွဲကို i-Entertainment မှ New Year Eve အဖြစ် စီစဉ် တင်ဆက်သည့် ပွဲ တစ်ခုလည်း ဖြစ်ပြီး S.I.R ၏ ယခင် ဖျော်ဖြေ နေကြ အတိုင်း Big Bag ၊ Reason ၊ Idiots ၊ Wanted တို့မှ ဖျော်ဖြေ ကြမည် ဖြစ်သည်။

လက်မှတ်တစ်စောင်လျှင် ရှစ်ထောင်ကျပ်ဖြင့်ရောင်းချမည်ဖြစ်ပြီး ကြိုတင် လက်မှတ်များကို တစ်စောင်လျှင် ခုနှစ်ထောင်ကျပ် ဖြင့် ဝယ်ယူ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly