ခွေးနှစ်ကောင်အား တရားမဝင် ယူဆောင်ခဲ့ကြောင်း Amber Heard အား စွဲချက်တင်သည့် အမှှု ဧပြီ ၁၈ တွင် ကြားနာမည်

ခွေးနှစ်ကောင်အား တရားမဝင် ယူဆောင်ခဲ့ကြောင်း Amber Heard အား စွဲချက်တင်သည့် အမှှု ဧပြီ ၁၈ တွင် ကြားနာမည်

ခွေးနှစ်ကောင်အား သြစတြေးလျနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရဘဲ ယူဆောင်လာခဲ့ခြင်းကြောင့် ကမ္ဘာကျော် ရုပ်ရှင်မင်းသား Johnny Depp ၏ဇနီး ရုပ်ရှင်မင်းသမီး Amber Heard သည် စွဲချက်တင်ခံထားရရာ၊ ထိုအမှှုကို စစ်ဆေးကြားနာမည့် ရက်ချိန်းကို သတ်မှတ်လိုက်ပြီ ဖြစ်သည်။

“တယ်ရီယာအပေါ် စစ်ဆင်ခြင်း” ဟု အချို့က အမည်ပေးထားကြသည့် ထိုအမှှုကို သြစတြေး လျနိုင်ငံ ကွင်းစလန်း၌ ဧပြီလ ၁၈ ရက်နေ့တွင် ကြားနာမည် ဖြစ်သည်။

ဧပြီလအတွင်းက အနုပညာကြယ်ပွင့် စုံတွဲနှစ်ဦး ဘရစ္စဘိန်းသို့ ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်ခဲ့ကြရာတွင် ၎င်းတို့၏ ခွေးနှစ်ကောင်ဖြစ်သည့် Pistol နှင့် Boo တို့အား ယူဆောင်လာခဲ့ကြ ခြင်းဖြစ်ပြီး၊ သြစတြေးလျ အာဏာပိုင်များအား အသိပေးခွင့်တောင်းရန် ပျက်ကွက်ခဲ့ကြသည်။

မင်းသမီး Amber Heard သည် ခွေးများအား သြစတြေးလျသို့ တရားမဝင် ယူဆောင်လာခဲ့ ခြင်းနှင့် ပတ်သတ်သော စွဲချက်နှစ်ခုကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထိုခွေးနှစ်ကောင်အား တရားမဝင် ယူဆောင်လာခဲ့ကြကြောင်း သြစတြေးလျ အာဏာပိုင်များ သိရှိသွားခဲ့ကြပြီးနောက်၊ ထိုခွေးနှစ်ကောင်အား သြစတြေးလျနိုင်ငံအတွင်းမှ ပြန်မထုတ်ပါက ထိုခွေး များကို သတ်ပစ်မည်ဖြစ်ကြောင်း သြစတြေးလျ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးက ခြိမ်းခြောက် ပြောဆိုခဲ့ သေးသည်။

ထို့နောက် ရက်အနည်းငယ် အကြာတွင် ထိုခွေးနှစ်ကောင်အား သြစတြေးလျနိုင်ငံ၏ ပြင်ပသို့ ပို့ဆောင်ခဲ့ရသည်။

မင်းသမီး Amber Heard အနေဖြင့် တရားရုံးသို့ လာရောက် ရင်ဆိုင်ရန် လိုအပ်ကြောင်း တရားရုံး အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly