အိန္ဒိယတွင် တွစ်တာက အိုင်တီစည်းမျဉ်းများ ချိုးဖောက်နေ

By The Singapore Post
06 September 2021
အိန္ဒိယတွင် တွစ်တာက အိုင်တီစည်းမျဉ်းများ ချိုးဖောက်နေ

ဘလော့ဂ်အသေးစားပလက်ဖောင်းဖြစ်သော Twitter တွင် ခါးအောက်ပိုင်းနှင့် ပတ်သက်သော အံ့သြဖွယ်ရာ အသေးစိတ်အချက်အလက်များကို OSINT အဖွဲ့ DisInfo Lab ၏ မကြာသေးမီက အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့ပြီး တွစ်တာသည် လိင်အသားပေးအကြောင်းအရာများသာမက အစိုးရမူဝါဒနှင့် တွစ်တာ ၏ ကိုယ်ပိုင်မူဝါဒများမကိုက်ညီသော ကလေးနှင့် လိင်ဆက်ဆံခြင်းနှင့် ကလေးကို အဓမ္မပြုကျင့်သည့် အနိဌာရုံ ဗွီဒီယိုများကိုပါ ဖော်ပြနေသည်။

အိန္ဒိယတွင် ၂၀၂၁ ခုနှစ် ဇွန်လအထိ တွစ်တာ သုံးစွဲသူ ၁၇ သန်း ရှိပြီး နိုင်ငံအတွင်း ကျယ်စွာအသုံးပြုနေ သော ဘလော့ဂ်အသေးစားများအနက် တစ်ခုဖြစ်သည်။

အိန္ဒိယအစိုးရက ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလတွင် ပြဌာန်းခဲ့သော နောက်ဆုံးပေါ် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ စည်းမျဉ်းများနှင့် ပတ်သက်၍ အိန္ဒိယအစိုးရနှင့် တွစ်တာကုမ္ပဏီတို့သည် မကြာသေးမီက ဆက်ဆံရေးတင်းမာခဲ့သည်။

နောက်ဆုံးပေါ်နည်းပညာစည်းမျဉ်းများမတိုင်ခင်က အိန္ဒိယအစိုးရသည် ၂၀၁၈ ခုနှစ်တွင် လိင်အသားပေး ဗီဒီယိုများကို နှိမ်နှင်းခဲ့ပြီး ညစ်ညမ်း ဝက်ဘ်ဆိုက် ၈၂၇ ခုကို ပိတ်ပင်တားမြစ်ခဲ့သည်။

ကိုယ်ပိုင်မူဝါဒမည်သို့ပင်ရှိစေကာမူ လူမှုမီဒီယာကုမ္ပဏီကြီးများအနေဖြင့် အိန္ဒိယနိုင်ငံတွင် အလုပ်လုပ်မည်ဆိုပါက အိန္ဒိယ၏ ဥပဒေများကို လိုက်နာရမည်ဟု အိန္ဒိယအစိုးရက ပြောကြားထားသည်။

လွတ်လပ်စွာပြောဆိုခွင့်ကို အကြောင်းပြ၍ အိန္ဒိယအိုင်တီဥပဒေများအား တွစ်တာက ဆန့်ကျင်နေခဲ့သည်။

နောက်ဆုံးတွင် တွစ်တာက အိန္ဒိယ၏ နောက်ဆုံးပေါ် အိုင်တီစည်းမျဉ်းများကို လိုက်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Disinfo Lab ၏ နောက်ဆုံးအစီရင်ခံစာ၌ တွစ်တာသည် ပထဝီအနေအထားပေါ် အခြေခံ၍ အကြောင်း အရာများကို စစ်ထုတ်နိုင်စွမ်းရှိသော်လည်း အိန္ဒိယတွင် လူကြီးအကြိုက်အကြောင်းအရာများနှင့် ဖြန့်ချိပေးနေပြီး တွစ်တာသည် လူမှုမီဒီယာ၏ လိင်အသားပေးအကြောင်းအရာများ အဓိကဖော်ပြသည့်နေရာဖြစ်လာ ကြောင်းကို ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly