ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တိုးပွားမှုနှင့် ကြုံတွေ့နေရ

By Just Earth News
02 September 2021
ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တိုးပွားမှုနှင့် ကြုံတွေ့နေရ

ပါကစ္စတန်နိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တိုးပွားမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့် Transparency International Pakistan ၏ အုပ်ထိန်းသူများ ဘုတ်အဖွဲ့က မကြာသေးခင်က ထုတ်ဖော်ခဲ့ကြောင်း သြဂုတ် ၂၉ ရက် မီဒီယာသတင်းဖော်ပြချက်များတွင် ဖော်ပြသည်။

၂၀၂၁ ခုနှစ် သြဂုတ်လ ၁၄ ရက်က လာဟိုးမြို့ မီနာ-အီ-ပါကစ္စတန် အထိမ်းအမှတ်နေရာတွင် အမျိုးသမီးတစ်ဦးအပေါ် တိုက်ခိုက်ခဲ့သည့် ပြစ်တင်ရှုတ်ချထိုက်သော တိုက်ခိုက်မှုတစ်ခု နှင့် ပြီးခဲ့သည့် တစ်လတာအတွင်း အမျိုးသမီးများအပေါ် အလားတူ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အလွန်တရာ ထိခိုက်တုန်လှုပ်မိပြီး ယင်းတို့အပေါ် ပြစ်တင်ရှုတ်ချကြောင်း ဘုတ်အဖွဲ့က ထုတ်ဖော်ခဲ့သည်ဟု Business Recorder က ဖော်ပြသည်။

ပါကစ္စတန်၏ မဟာခေါင်းဆောင်ကြီး မိုဟာမက် အလီဂျင်းနားက အမျိုးသမီးများလည်း အမျိုးသားများနှင့် တန်းတူ ရင်ဘောင်တန်းနိုင်သည့် ပါကစ္စတန်နိုင်ငံတစ်ခု ဖြစ်ပေါ်စေရန် မျှော်မှန်းထားခဲ့သော်လည်း မိမိတို့ ထိုသို့ ဖြစ်လာစေရန် လုပ်ထားနိုင်ခြင်း မရှိဟု Transparency International Pakistan (TI Pakistan) ၏ ဒုဥက္ကဋ္ဌ တရားသူကြီးဟောင်း နာဆီရာ အစ်ခ်ဘဲလ်က ပြောကြောင်း သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်ကို ကြီးပွားချမ်းသာသော နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွက်လာစေရန်အတွက် မိမိတို့အနေဖြင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ၎င်းတို့ကို ကာကွယ်မှု ပေးရန်၊ အမျိုးသမီးများအား တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများ တာဝန်ခံရမှု ရှိစေရေးအတွက် အားကောင်းသည့် ဥပဒေများ ပြဋ္ဌာန်းရန် အလွန် အရေးကြီးသည်ဟု သူမက ပြောခဲ့သည်။

ယင်းသည် လက်ရှိ ပါကစ္စတန်အစိုးရနှင့် တရားရေးစနစ်တို့အတွက် စမ်းသပ်သည့် ကိစ္စတစ်ခု ဖြစ်သင့်ကြောင်း TI Pakistan ၏ ဥက္ကဋ္ဌ ယက်စ်မင်းန် လာရီက ပြောခဲ့ကြောင်း သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly