Miss Heritage International 2015 အလှမယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အလှမယ် ချောရူပါသက် ဆု ၄ဆု ရရှိ

Miss Heritage International 2015 အလှမယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အလှမယ် ချောရူပါသက် ဆု ၄ဆု ရရှိ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ။            ။ အိန္ဒိယ နိုင်ငံတွင် ကျင်းပ ပြုလုပ် ခဲ့သည့် Miss Heritage International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သည့် အလှမယ် ချောရူပါသက်သည် ဆု ၄ဆု ရရှိ ခဲ့ပြီး ဒီဇင်ဘာ ၁၅ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံက အလှမယ်က Miss Heritage International 2015ဆုကိုရရှိခဲ့ပြီး  1st  Runner-up ကို South Africa နိုင်ငံကလည်းကောင်း၊ 2nd  Runner-up ကို မြန်မာနိုင်ငံ မှ ရရှိ ခဲ့ပြီးအလှမယ် ချောရူပါသက်သည် Best Body ဆု ၊ ဒီဇိုင်နာကိုလတ် စီစဉ်ပေးသည့် ငြိမ်းချမ်းရေး ဖော် ဆောင်သည့် Best Dress in Peace ရွှေတံဆိပ် ဆု ၊ မြန်မာနိုင်ငံ အလံအင်္ကျီ ဝတ်ဆင်ပြီး မြန်မာနိုင်ငံ သီချင်း ဆိုရာတွင်လည်း တတိယဆု ကြေးတံဆိပ် တို့ကို ရရှိခဲ့ကာ နိုင်ငံတော် သီချင်း ဖလှယ် သီဆိုရာတွင်လည်း စကာတင် ငါးဦးထဲ ဝင်ရောက် ခဲ့သည်။

Miss Heritage International ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဒုတိယအကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် နီပေါ နိုင်ငံတွင် ပြုလုပ် ခဲ့သည့် Miss Heritage International 2014 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည့် အလှမယ် လှယဉ်ကျေး က Miss Heritage International 2014 ဆုကို ရရှိ ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင် Miss Heritage International 2015 ရရှိခဲ့သည့် ဗီယက်နမ် အလှမယ်ကို သရဖူဆောင်းပေးခဲ့သည်။

အလှမယ် ချောရူပါသက် ကို Miss Heritage International 2015 ပြိုင်ပွဲ အတွက် အလှမယ် လှယဉ်ကျေး နှင့် လက်တွဲ ပြီး ပြိုင်ပွဲ အတွက် ပြင်ဆင်ချိန် ရအောင် လုပ်ဆောင် နိုင်ရန် ဧပြီလမှ စတင်ပြီး Style Plus H သင်တန်းကျောင်းမှ ရွေးချယ်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly