အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာ ဖြစ်ပေါ်နေကြောင်း နေတိုးအဖွဲ့ဝင် သံတမန် သတိပေး

By The Frontier Post
30 August 2021
အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာ ဖြစ်ပေါ်နေကြောင်း နေတိုးအဖွဲ့ဝင် သံတမန် သတိပေး

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အုပ်ချုပ်သူများလက်အောက်၌ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းနှင့် ပတ်သက်၍ အကူအညီပေးရေး အေဂျင်စီများက သတိပေးထားပြီး အိမ်နီးချင်းများအနေဖြင့် ကုန်လမ်း နယ်စပ်များကို ဖွင့်ထားသင့်ကြောင်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ သံတမန်က သြဂုတ်လ ၂၅ရက်တွင် ပြောကြားခဲ့သည်။

“ အီရန်၊ ပါကစ္စတန်နဲ့ တာဂျစ်ကစ္စတန်တို့က လေကြောင်း၊ ကုန်းကြောင်းလမ်းတွေကို အသုံးပြုပြီး လူတွေကို ပိုမိုကယ်ထုတ်သင့်ပါတယ်။ မြန်နိုင်သမျှမြန်မြန် လေကြောင်းနဲ့ ကုန်းကြောင်းတွေကို အသုံးပြုဖို့က အရေးကြီး ပါတယ်” ဟု ကဘူးလ်မြို့အခြေစိုက်သံတမန်တစ်ဦး က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကဘူးလ်လေဆိပ်မှ မငြိမ်မသက်အစုလိုက်အပြုံလိုက် ထွက်ခွာသွားကြပြီးနောက် သန်းနှင့်ချီသောသူများသည် အစာရေစာငတ်မွတ်မှု၊ ရောဂါဘယနှင့် နှိပ်စက်ညှဉ်းပန်းခံရမှုအန္တရာယ်များ မြင့်တက်လာကြောင်း အကူအညီပေးရေးအေဂျင်စီများက ဆိုသည်။

သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်တို့အနေဖြင့် သြဂုတ်လ ၃၁ ရက် မတိုင်မီ ဘေးလွတ်ရာသို့ အပြီးသတ် ကယ်ထုတ်ရန်အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သော်လည်း နောက်ဆုံးရက်ကို ထပ်မံသက်တမ်းတိုးရန် စီစဉ်နေသည်။

“နှစ်ပေါင်းများစွာ မိုးခေါင်းမှု၊ ပဋိပက္ခ၊ စီးပွားရေးယိုယွင်းမှုတွေအပြင် ကိုဗစ်ဒဏ်ကြောင့် ဘက်စုံဒေါင့်စုံက မုန်တိုင်းတစ်လုံး လာနေပါပြီ” ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ အမှုဆောင်ဒါရိုက်တာ ဒေးဗစ်

ဘီစလေက ဒိုဟာမြို့တွင် Reuters သို့ပြောကြားခဲ့ပြီး၊ စားနပ်ရိက္ခာအကူအညီ ဒေါ်လာသန်း ၂၀ဝ လှူဒါန်းကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။

“ အစာရေစာငတ်မွတ်ခေါင်းပါးမှုဒဏ်ခံရနိုင်တဲ့ လူဦးရေက အခု ၁၄ သန်းအထိ တိုးလာပါတယ်”

အာဖဂန်အကူအညီများကို ၄ ဆတိုးပေးရန်စီစဉ်နေပြီး မြေပြင်လုံခြုံရေးနှင့် အာမခံချက် ရရှိရေးအတွက် ကုလသမဂ္ဂနှင့်ညှိနှိုင်းဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း ဥရောပသမဂ္ဂက ပြောကြားခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက အာဖဂန်အရပ်သားများနှင့် တပ်ဖွဲ့ဝင်များအား သေချာ စုံစမ်းမှုမပြုဘဲ ကွပ်မျက်ခြင်းအပါအဝင် အာဖဂန်နစ္စတန်တွင် တာလီဘန်များ၏ လူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်မှုများနှင့် ပတ်သက်သည့် ယုံကြည်ရလောက်သည့် အစီရင်ခံစာများလက်ခံရရှိခဲ့ကြောင်း ဆိုခဲ့သည်။

တာလီဘန်များက ရက်စက်ကြမ်းကြုတ်မှုမှန်သမျှကို စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required