ပုသိမ်မဲရုံ အမှတ် ၁၅၆ မှ မဲရုံမှူးအားလုံးနှင့် NLD မဲရုံအကူ ကိုယ်စားလှယ်တို့ တရားစွဲခံရ

ပုသိမ်မဲရုံ အမှတ် ၁၅၆ မှ မဲရုံမှူးအားလုံးနှင့် NLD မဲရုံအကူ ကိုယ်စားလှယ်တို့ တရားစွဲခံရ

ပုသိမ်မြို့၊ မဲရုံအမှတ်(၁၅၆)မှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲရုံအကူ ကိုယ်စားလှယ်များအား ပြည်ထောင်စု ကြံခိုင်းရေးပါတီမှ ပြည်သူလွှတ်တော်တွင် ဝင်ရွေးခံသူ ကိုယ်စားလှယ်ဦးဟန်ရီမှ ပုသိမ်မြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် တရားစွဲခဲ့သည်။

"ကျွန်တော်တို့ တရားစွဲခံရတာ သူတို့လူတွေကို အချိန်ကျော်မှ မဲပေးခွင့်မရလို တရားစွဲတာပါ၊ ကျွန်တော်တို့ ဒိုင်တွေပါ သူတို့လူတွေခြေညံလိုရှုံးတာကို ကျွန်တော်ကို မသမာတယ်ဆိုပြီး တိုင်ကြား ခြင်း ဖြစ်ပါတယ်" မဲရုံမှူး ဆရာဦးဝင်နိုင်က တိုင်ကြာခံရမှုအား မဇ္ဈိမသို့ပြောသည်။

မဲရုံမှာ ရွေးကောက်ပွဲဥပဒေအတိုင်းပဲ ဆောင်ရွက်ခဲ့တာပါ၊ ၄ နာရီတိတော့ ကျွန်တော်ကိုယ် တိုင် အော်ပါတယ်၊နောက် မဲရုံကိုယ်စားလှယ်တယောက်က အော်ပါတယ်၊ ကျွန်တော်တို့မဲရုံမှာ NLD ပါတီက နေရာစုံနိုင်ခဲ့တယ် ၎င်းဆက်လက် ပြောကြားသည်။

ပြည်ထောင်စုကြံခိုင်းရေးပါတီမှပြည်သူလွှတ်တော်ကိုယ်စားလှယ်၏မဲရုံကိုယ်စားလှယ် ဦးဟန်ရီမှာ ပုသိမ်မြို့၊မဲရုံအမှတ် ၁၅၆ မှမဲရုံမှူး၊ဒုမဲရုံမှူး၊NLDပါတီမဲရုံကိုယ်စားလှယ်၃ဦးအား ပုသိမ် မြို့နယ် တရားရုံးတွင် အမှုအမှတ် ၂၇၈၇/၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ် ၅၉(ဈ)၊၆၁(က)(ခ) များဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တရားစွဲထားပြီး၊ ရုံးချိန်အား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားသည်။

"ကျွန်မတို့ မဟုတ်မမှန်တိုင်ကြားလ့ို ဦးဟန်ရီ ကိုလည်း ပြန်လည်း တရားစွဲဆိုထားပါတယ်၊ မဲရေတွက်ချိန်မှာ မတ်တပ်ရပ်ပြီး တာလီမှတ်လို့ဆိုပြီး အမှုဖွင့်ခံရတာ" ဟု ပုသိမ်မြို့၊ လင်းကွင်းကြီး ကျေးရွာနေ အမှုဖွင့်ခံရသူဒေါ်ယဉ်ချစ်မှ အပြန်အလှန် တရားစွဲထားကြောင့် မဇ္ဈိမသို့ ပြောသည်။

ပြည်ထောင်စုကြံခိုင်ရေးပါတီမှ မဲရုံကိုယ်စားလှယ် ဦးဟန်ရီအား အမှုနှင့်ပတ်သက်ပြီး မေးမြန်း ရာ ဖြေဆိုရင် ငြင်းဆိုခဲ့သည်။ ပြည်ထောင်စု ကြံခိုင်ရေးပါတီမှ ဦးဟန်ရီအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ခ)၊၅၉ (ဈ) နှင့် ၆၄ တို့ဖြင့် တရားစွဲထားသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၇၊၅၈(ခ)၊၅၉(ဈ)၊၆၁(က)(ခ)ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ် ၁နှစ်၊ငွေဒဏ် တစ်သိန်းချမှတ်နိုင်ပြီး ဒဏ်နှစ်ရပ်လုံးလည်းချမှတ်နိုင်ပြီး၊ပုဒ်မ ၆၄ မဟုတ်မမှန် တိုင်ကြားပြစ်မှုထင်ရှာစီရင်ခံရလျှင် ထောင်ဒဏ် ၃နှစ်ထက်မပို၊ငွေဒဏ် သုံးသိန်းထပ်မပို ချမှတ်နိုင်ပြီး၊ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly