တရုတ်တွင် လွတ်လပ်စွာသတင်းပေးပို့နိုင်မှု အခြေအနေများ ကျဆင်းသွားကြောင်း ကျွမ်းကျင်သူ ပြောကြား

By Daily Hunt
26 August 2021
တရုတ်တွင် လွတ်လပ်စွာသတင်းပေးပို့နိုင်မှု အခြေအနေများ ကျဆင်းသွားကြောင်း ကျွမ်းကျင်သူ ပြောကြား

နိုင်ငံခြားသတင်းထောက်များကိုပင် ရန်လိုသည့် ဝံပုလွေသံတမန်ရေးအယူအဆရှိသည့် သဘောထား တင်းမာသူများနှင့် ထိပ်တိုက်တွေ့လိုသူများကို တရုတ်အစိုးရက အသုံးပြုခြင်းနှင့်အတူ တရုတ်တွင် လွတ်လပ်စွာသတင်းပေးပို့နိုင်မှု အခြေအနေများကျဆင်းသွားကြောင်း နိုင်ငံရေးနှင့် နိုင်ငံခြားရေးရာဌာန (CPFA) ၏ ဥက္ကဌ ဖေဘီယန် ဘူဆာ့ထ်က ပြောကြားခဲ့သည်။

မကြာသေးခင်က ရေကြီးမှုသတင်းရယူသည့် နိုင်ငံခြားသတင်းထောက်များသည် ဒေါသထွက်နေသော မြို့ခံများနှင့် ရင်ဆိုင်ခဲ့ရကြောင်း Times of Israel ၏ အတွေးအမြင်ကဏ္ဍတွင် ဘူဆာ့ထ်က ရေးသားခဲ့သည်။

ဇူလိုင်လတွင် တရုတ်မြို့ကြီးများတွင် ရေကြီးမှုသတင်းရယူသည့် ပြည်ပမီဒီယာများကို တရုတ်အစိုးရပိုင် မီဒီယာများက ဝေဖန်ခဲ့သည်။ ယင်းနောက် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဟိုင်နန်ပြည်နယ် ကျန်ကျိုးမြို့ လမ်းများပေါ်တွင် နိုင်ငံတကာမီဒီယာများမှ သတင်းထောက်များကို မြို့ခံများက အနှောင့်အယှက်ပေးခဲ့ကြ သည်။

တရုတ်လူမှုမီဒီယာWeiboတွင် တရုတ်မြို့ကြီးများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ကြုံတွေ့နေရသည်ကိုသတင်းရယူသည့် နိုင်ငံတကာမီဒီယာများမှ သတင်းထောက်များကို တရုတ်လူမှုမီဒီယာWeiboတွင် အသုံးပြုသူများက ဒေါသတကြီးဝေဖန်သော ပို့စ်များရေးသားခဲ့ကြကြောင်း Hong Kong Free Press မှ သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ရေလွှမ်းမိုးမှုအတွင်းရထားတွဲတစ်တွဲအတွင်း လူတစ်ဒါဇင်သေဆုံးပြီးနောက် အစိုးရမူဝါဒများကို မေးခွန်းထုတ် သော ဘီဘီစီ ၏ တရုတ်သတင်းထောက် ရိုဘင်ဘရန့်ကိုအဓိကရည်ရွယ်ပြီး ဝေဖန်ခဲ့ကြခြင်းဖြစ် သည်။

Twitter ကဲ့သို့သော Weiboတွင် တရုတ်လူမှုကွန်ရက်သုံးစွဲသူများက ရိုဘင်ဘရန်အား ရေကြီးမှုနှင့် ပတ်သက်၍ ကောလဟာလများထုတ်လွှင့်နေသူ နိုင်ငံခြားသား၊ အချက်အလက်မှားများဖြင့် အကြီးအကျယ်ပုံဖျက်နေသူအဖြစ် စွပ်စွဲခဲ့သည်။

Al Jazeera နှင့် Associated Press မှ သတင်းထောက်များသည်လည်း လူအုပ်၏ နှောင့်ယှက်ခြင်းကိုခံရပြီး၎င်းတို့အားဗွီဒီယိုများရိုက်ပြီးနောက် အာဏာပိုင်များကိုခေါ်ခဲ့သည့် အကြောင်းတွစ်တာတွင် ရေးသားခဲ့သည်။

Al Jazeera မှ ကက်သရီနာယုက ယင်းအဖြစ်အပျက်များသည် တရုတ်တွင် နိုင်ငံခြားမီဒီယာများအပေါ် ဒေါသထွက်ခြင်းနှင့် သံသယပွားခြင်း၏ဝမ်းနည်းဖွယ်လက္ခဏာဖြစ်ကြောင်းတွစ်တာတွင် ရေးသားခဲ့သည်။

ဟိုင်နန်ရေကြီးမှုသတင်းကို ဖော်ပြရန် တရုတ်မီဒီယာများအပေါ် တင်းကျပ်သော ပြင်ဆင်တည်းဖြတ်သည့် စည်းမျဉ်းများနှင့်အတူ နိုင်ငံခြားသတင်းထောက်များအားခြိမ်းခြောက်ခြင်းသည် ပူးတွဲပါလာခဲ့သည်ဟု ရိုဘင်ဘရန့်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly