ကိတ်မုန့်မှသည် အဝတ်အစားဒီဇိုင်းဆီသို့ - အိန္ဒိယ၊ ကက်ရှ်မီးယားမှ စွန့်ဦးတီထွင်လုပ်ငန်းရှင် လူငယ်များ

By The Kashmir Monitor
25 August 2021
ကိတ်မုန့်မှသည် အဝတ်အစားဒီဇိုင်းဆီသို့ - အိန္ဒိယ၊ ကက်ရှ်မီးယားမှ စွန့်ဦးတီထွင်လုပ်ငန်းရှင် လူငယ်များ

အော်ဂဲနစ်စိုက်ပျိုးရေးမှ စိတ်တိုင်းကျ ကိတ်မုန့်အထိ၊ အဝတ်အစားဒီဇိုင်နာမှသည် ဖက်ရှင်အသုံးအဆောင်များ အထိ အမျိုးသမီးများဦးဆောင်သော လုပ်ငန်းများသည် စွန့်ဦးတီထွင်မှုဆိုသည့် စကားလုံးကို အိန္ဒိယ နယ်မြေ ကက်ရှ်မီးယားတွင် အဓိပ္ပာယ်ပြန်လည်သတ်မှတ်နေသည်။

ပထမဦးဆုံးနှင့် အရေးကြီးအချက်မှာ ရွေးချယ်ထားသောနယ်ပယ်မှ ဦးဆောင်လမ်းပြဆရာတစ်ဦးနှင့် ဆက်သွယ်ခြင်းဖြစ်သည်ဟု "Home Greens" ကို ဦးစီးလုပ်ကိုင်နေသောအော်ဂဲနစ်လယ်သမားတစ်ဦးဖြစ်သူ အင်ရှာရာစူးလ်က ပြောသည်။

“ သူတို့က ခင်ဗျားဘယ်နေရာမှာမှမရနိုင်တဲ့ အဖိုးတန်အကြံဉာဏ်တွေနဲ့ သွင်းအားစုတွေပေးနိုင်ပါတယ်။ ပြီးတော့ အမှန်တကယ်အလုပ်မစခင် ပထမဆုံးလက်တွေ့အတွေ့အကြုံရှိသင့်ပါတယ်။ ပေါ်ပင်အလုပ်တွေကို လိုက်လုပ်တာက ရှင့်အတွက် အကျိုးရှိမှာမဟုတ်ဘူး” ဟု အင်ရှာရာစူးလ်က ပြောသည်။

အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်နေသော အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအားလုံး ပူးပေါင်း၍ အဖွဲ့အစည်းတစ်ခု ထူထောင်နိုင်ကြောင်း သူမက ဆိုသည်။

“ ကျွန်မတို့ အားလုံးအပြင်ကနေ ပစ္စည်းကိရိယာတွေ ဝယ်ရမယ်။ ကျွန်မတို့ အတူတကွ ပစ္စည်းထောက်ပံ့မှုကို ရယူရင် ပိုကောင်းပါလိမ့်မယ်။ ဒါဆို ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရနိုင်သလို သယ်ယူပို့ဆောင်ရေး စရိတ်တွေကို လျှော့ချပေးပါလိမ့်မယ်” ဟု သူမက ဆိုသည်။

The Perfect Pair ကို ဦးဆောင်နေသောဖက်ရှင်စွန့်ဦးတီထွင်လုပ်ငန်းရှင် ကာရီနတ်ဘတ်က သင့်လျော်သော ရန်ပုံငွေရရှိခြင်းသည် လုပ်ငန်းတစ်ခုအတွက် သော့ချက်ဖြစ်သည်ဟု ဆိုသည်။

“ ပထမဆုံး လုပ်ချင်တာကို ရှင်းရှင်းလင်းလင်းသိသင့်ပါတယ်။ အခြေခံငွေပမာဏတော့ လိုပါတယ်။ တစ်ခါတစ်ရံရန်ပုံငွေရှာဖွေတာက အမျိုးသမီးတွေအတွက် ပိုခက်ခဲပါတယ်။ ဒါပေမယ့် ဂျမူးနဲ့ ကက်ရှ်မီးယားစွန့်ဦးတီထွင်လုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အောက်မှာ အစိုးရအစီအမံတွေရှိပြီး အသစ်စတင်တဲ့လုပ်ငန်းတွေကို ဘဏ်တွေက ချေးငွေပေးပါတယ်” ဟု ကာရီနတ်ဘတ်က ပြောကြားခဲ့သည်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အနေနှင့် ဝင်ငွေအလားအလာကို အပြည့်အဝထိန်းချုပ်ထားသင့်ကြောင်း သူမက ဆိုသည်။

“ ရှင့်ရဲ့လုပ်ငန်းမှာ ရှိတာနဲ့ဖြစ်အောင်လုပ်ဖို့အတွက် မိမိ ကျွမ်းကျင်မှုတွေကို သိထားရပါမယ်။ ဈေးကွက်က ဘာလိုအပ်နေတယ်ဆိုတာကို သိပြီး ဘယ်လိုထုတ်ကုန်မျိုး၊ ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးရမယ်ဆိုတာကို နားလည်ရပါမယ်” ဟု Bhatကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly