တရုတ်ငါးဖမ်းသင်္ဘောများ တရားမဝင်ငါးဖမ်းခြင်းကို ပါကစ္စတန်တွင် ကန့်ကွက်ဆန္ဒပြ

တရုတ်ငါးဖမ်းသင်္ဘောများ တရားမဝင်ငါးဖမ်းခြင်းကို ပါကစ္စတန်တွင် ကန့်ကွက်ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ဂွါဒါမြို့တွင် ရာနှင့်ချီသည့် လူများသည် သြဂုတ် ၂၂ ရက်တွင် တရုတ်ဆွဲပိုက်ချသင်္ဘောများ တရားမဝင်ငါးဖမ်းခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

" ဂွါဒါမြို့နှင့် ပါစ်နီမြို့တွင် ရာနှင့်ချီသည့် လူများသည် သြဂုတ် ၂၂ ရက်တွင် တရုတ်ဆွဲပိုက်ချသင်္ဘောများ တရားမဝင်ငါးဖမ်းခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

တရုတ်ဘလူချီစတန်မှာလက်ရှောင်နေပါ ဟု ပါရီမြို့အခြေစိုက် ဘူလူချီဆိုင်ရာပြောဆိုခွင့်ရအဖွဲ့အစည်း အစိုးရမဟုတ်သည့်အရပ်ဖက်အဖွဲ့အစည်း၏ ဥက္ကဌ မန်ဂယ် က တွစ်တာတွင် ရေးသားခဲ့သည်။

"အလုပ်သမားတွေ စိတ်ဆင်းရဲချိန်အထိ၊ တိုက်ပွဲဆက်ဖြစ်နေဦးမယ်၊ ခြေလှမ်းတစ်လှမ်းလှမ်းပါ၊ ငါတို့မင်းနဲ့အတူရှိတယ်" ဆိုသည့် ကြွေးကြော်သံများကို လူများက စုရုံးဟစ်ကြွေးခဲ့ကြသည်။ တရုတ်ငါးဖမ်းသင်္ဘောများကို ယခင်ကလည်း ဒေသခံများက ဆန္ဒပြခဲ့ကြသည်။

ဇူလိုင်လအစောပိုင်းတွင်လည်း ဂွါဒါတံငါသည်များ၏ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ရန်အတွက် တရုတ်ငါးဖမ်းသင်္ဘောများ၏ ငါးဖမ်းခွင့်လိုင်စင်ကို ဖျက်သိမ်းရန် ရာနှင့်ချီသောတံငါသည်များ၊ နိုင်ငံရေး လုပ်သားများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဆန္ဒပြခဲ့ကြသည်။

အမျိုးသားပါတီနှင့် ဘလူချီကျောင်းသားအဖွဲ့အစည်းများသည် ပါကစ္စတန်အစိုးရလှုပ်ရှားမှုကို ဆန့်ကျင်သည့် အနေဖြင့် ဂွါဒါသတင်းထောက်ကလပ်ရှေ့တွင် ထိုင်သပိတ်ဆင်နွှဲခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများက ကမ်းရိုးတန်မြို့၏ လမ်းများပေါ်တွင်ချီတက်ခဲ့ပြီးနောက်ပိုင်း ဂွါဒါမြို့တွင် တရုတ်ငါးဖမ်းသင်္ဘောများအား ငါးဖမ်းလိုင်စင်ပေးသည် ပါကစ္စတန်အစိုးရလုပ်ရပ်ကို ဆန့်ကျင်သည့် အနေဖြင့် ဂွါဒါသတင်းထောက်ကလပ်ရှေ့၌ ထိုင်သပိတ်ဆင်နွှဲခဲ့ကြသည်။

ပြည်နယ်ငါးလုပ်ငန်းဝန်ကြီးနှင့် ဖက်ဒရယ်အစိုးရအရာရှိများသည် ဒေသခံတံငါသည်များ၏ ရပ်တည်ချက်ကို ထောက်ခံမည့်အစား တရုတ်ငါးဖမ်းသမားများကို မျက်နှာသာပေးခဲ့ကြောင်း သူတို့က စွပ်စွဲခဲ့ကြသည်။

၂၀၁၅ ခုနှစ်တွင် တရုတ်က ဒေါ်လာ ၄၆ ဘီလီယံတန်ဖိုးရှိသည့် ပါကစ္စတန်တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကြေညာခဲ့ရာ ဘလူချီစတန်ပြ်ညနယ်သည် အဓိကအစိတ်အပိုင်းဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly