အာဖဂန်နစ္စတန်မှ ပြန်လာသူများအား အိန္ဒိယတွင် ပိုလီယိုရောဂါကာကွယ်ဆေး အခမဲ့ ထိုးပေးမည်

အာဖဂန်နစ္စတန်မှ ပြန်လာသူများအား အိန္ဒိယတွင် ပိုလီယိုရောဂါကာကွယ်ဆေး အခမဲ့ ထိုးပေးမည်

ပိုလီယိုဗိုင်းရပ်စ်အရိုင်းကို ကြိုတင်တားဆီးမှုတစ်ခုအနေဖြင့် အာဖဂန်နစ္စတန်မှ ပြန်လာသူများအား ပိုလီယိုရောဂါကာကွယ်ဆေး အခမဲ့ဆေးထိုးမည်ဟု အိန္ဒိယပြည်ထောင်စု ကျန်းမာရေးဝန်ကြီး မန်ဒါဗီယာက သြဂုတ် ၂၂ရက်တွင် ကြေညာခဲ့သည်။

“ပိုလီယိုဗိုင်းရပ်စ်အရိုင်းကို ကြိုတင်တားဆီးမှုတစ်ခုအနေနဲ့ အာဖဂန်နစ္စတန်မှ ပြန်လာတဲ့လူတွေကို ပိုလီယို ရောဂါကာကွယ်ဆေး- OPV & IPV အခမဲ့ဆေးထိုးပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြည်သူ့ ကျန်းမာရေး ပိုမိုကောင်းမွန်စေရေးအတွက် သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ကျန်းမာရေးအဖွဲ့ကို ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ် "ဟု ကျန်းမာရေးဝန်ကြီး မန်ဒါဗီယာက ပြောကြားခဲ့ပြီး ဒေလီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကာကွယ်ဆေးထိုးသည့် ပုံကိုလည်းဝေမျှခဲ့သည်။

ကမ္ဘာတွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နှစ်နိုင်ငံတည်းတွင်သာ ပိုလီယိုရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွား တော့သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်များ အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေဆိုးရွားလာသဖြင့် အိန္ဒိယ နိုင်ငံသား ၁၀၇ ဦး အပါအဝင် လူ ၁၆၈ ဦးကို အိန္ဒိယလေတပ်ပိုင် သယ်ယူပို့ဆောင်ရေးစစ်လေယာဉ်ဖြင့် ကဘူးမြို့မှ သြဂုတ်လ ၂၂ရက်တွင် ကယ်ထုတ်ခဲ့သည်။

အိန္ဒိယသည် ကဘူးလ်ရှိ သံရုံးမှ အိန္ဒိယသံအမတ်ကြီးနှင့် အခြားဝန်ထမ်းများအပါအဝင် လူ ၂၀ဝ ကို အစောပိုင်းက ကယ်ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required