အိန္ဒိယ၏ အကြီးဆုံးရေပေါ် နေရောင်ခြည်သုံး စွမ်းအင်စီမံကိန်းကို စမ်းသပ်လည်ပတ်

အိန္ဒိယ၏ အကြီးဆုံးရေပေါ် နေရောင်ခြည်သုံး စွမ်းအင်စီမံကိန်းကို စမ်းသပ်လည်ပတ်

အိန္ဒိယအစိုးရပိုင် အမျိုးသားဘူမိစွမ်းအင်ကော်ပိုရေးရှင်း(NTPC )က အန်ဒဂါပရာဒေ့ချ်ပြည်နယ်၊ ဗီဆာခါပတ် နမ်မြို့ရှိ ဆင်ဟတ်ရီ ဘူမိဓာတ်အားပေး စက်ရုံ၏ ရေလှောင်ကန်တစ်ခုတွင် လျှပ်စစ်ဓာတ်အား ၂၅ မဂ္ဂါဝပ်ထွက်ရှိသော အိန္ဒိယ၏အကြီးဆုံးရေပေါ်ဆိုလာ စီမံကိန်းကို စမ်းသပ်လည်ပတ်လိုက်သည်။

၂၀၁၈ ခုနှစ်တွင် အိန္ဒိယအစိုးရမှ ကြေညာခဲ့သည့် Flexibilisation Scheme အရ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းဖြစ်သည်။

.ထူးခြားသောကျောက်ချဒီဇိုင်းပါရှိသည့် ရေပေါ်ဆိုလာပြားတပ်ဆင်ခြင်းကို ၇၅ ဧက ကျယ်ဝန်းသော RW ရေလှောင်ကန်တစ်ခုတွင် တပ်ဆင်ထားသည်။ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြား ၁ သိန်းကျော်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည်ဖြစ်သည်။

ယင်းစီမံကိန်းသည် အိမ်ထောင်စု ၇၀ဝဝ ခန့်ကို မီးပေးနိုင်ရုံသာမက စီမံကိန်းသက်တမ်းအတွင်း တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန် အနည်းဆုံး ၄၆၀ဝဝ ကို လျှော့ချနိုင်မည်ဖြစ်သည်။

ယင်းစီမံကိန်းက တစ်နှစ်လျှင် ရေလီတာ ၁၃၆၄ သန်းကို ချွေတာနိုင်မည်ဖြစ်ပြီး အိမ်ထောင်စု ၆၇၀ဝ ၏ နှစ်စဉ် ရေလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

၂၀ဝဝ မဂ္ဂါဝပ် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ဆင်ဟတ်ရီကို ဘင်္ဂလားပင်လယ်အော်မှ ထိုးထွက် နေသော ကုန်းမြေပေါ်တွင် တည်ဆောက်ခဲ့သည့် ပထမဆုံးဓာတ်အားပေးစီမံကိန်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကပင် စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

NTPC သည် ဆင်ဟတ်ရီတွင် ရှေးပြေးစီမံကိန်းတစ်ခုအနေဖြင့် ရေအားလျှပ်စစ်အခြေခံ အသေးစား လျှပ်စစ် ဓာတ်အားပေးစနစ်စီမံကိန်းတစ်ခုတည်ဆောက်ရန်စီစဉ်နေသည်။

စုစုပေါင်းစက်တပ်ဆင်အင်အား ၆၆ ဒသမ ၉၀ဝ မဂ္ဂါဝပ်ဖြင့် NTPC တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်း ၂၉ ခု အပါအဝင် ဓာတ်အားပေးစက်ရုံ ၇၁ ခုရှိသည်။

NTPC က ၂၀၃၂ ခုနှစ်နောက်ဆုံးထားပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၆၀ ဂစ်ဂါဝပ် (GW) တပ်ဆင်ရန် လျာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly