တရုတ်က ဟောင်ကောင်နှင့် ထိပ်တိုက်တွေ့မှု ရှောင်ရှားရန် ပိတ်ဆို့ ဒဏ်ခတ်မှုဆန့်ကျင်ရေးဥပဒေကို ဆိုင်းငံ့

တရုတ်က ဟောင်ကောင်နှင့် ထိပ်တိုက်တွေ့မှု ရှောင်ရှားရန် ပိတ်ဆို့ ဒဏ်ခတ်မှုဆန့်ကျင်ရေးဥပဒေကို ဆိုင်းငံ့

ဟောင်ကောင်တွင် ကျင့်သုံးရန် ပိတ်ဆို့ဒဏ်ခတ်မှုဆန့်ကျင်ရေးဥပဒေကို တရုတ်ပါလီမန်က ဆုံးဖြတ်ချက်ချမှတ်ရန် စီစဉ်ခဲ့သော်လည်း သြဂုတ်လ ၂၀ရက်တွင် ရွေ့ဆိုင်းလိုက်ခြင်းဖြင့် ဟောင်ကောင်ရှိ အမေရိကန် ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့ခံရသူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအကြား ဖြစ်ပေါ်လာ နိုင်ဖွယ်ရှိသည့် ထိပ်တိုက်တွေ့မှုများကို ရှောင်ရှားလိုက်သည်။

တင်းကြပ်သော အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၂၀ပြည့်နှစ်က ပြဋ္ဌာန်းသကဲ့သို့ပင် တရုတ်ဥပဒေပြုရေးအဖွဲ့ အစည်းဖြစ်သည့် အမျိုးသားပြည်သူ့ ကွန်ဂရက်က ဟောင်ကောင်တွင် ယင်းဥပဒေသကို ပြဋ္ဌာန်းမည်ကို ဟောင်ကောင်အခြေစိုက်ခေါင်းဆောင်များက စိုးရိမ်နေကြသည်။

AFN အမြဲတမ်းကော်မတီက ဟောင်ကောင်တွင် ဒဏ်ခတ်ပိတ်ဆို့မှုဆန့်ကျင်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုကို လေ့လာရန် အချိန်ပိုလိုကြောင်း ယင်းကိစ္စရပ်များနှင့် နီးစပ်သူများက ဆိုသည်။

“ဒဏ်ခတ်ပိတ်ဆို့မှုဆန့်ကျင်ရေးဥပဒေက လက်နက်တစ်ခုဖြစ်ပေမယ့် တရုတ်က ဒါကို ဘယ်လိုအသုံး ပြုရမလဲဆိုတာ လေ့လာနေတုန်းပါပဲ” ဟု လူတစ်ဦးက ဆိုသည်။ “ ဟောင်ကောင်မှာ ဒီလက်နက်ကို ဘယ်လို အသုံးပြုသင့်တယ်ဆိုတာ ဆွေးနွေးဖို့ပိုလိုအပ်ပါသေးတယ်။“

AFN က နောင်တွင် ယင်းဥပဒေကို ဟောင်ကောင်တွင်ပြဋ္ဌာန်းပါကလည်း ဒေသန္တရဥပဒေအဖြစ် ရေးဆွဲနိုင်ရန် အချိန်ပေးရဦးမည်ဖြစ်သည်။

တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစောပိုင်းက ချမှတ်ခဲ့သော စည်းမျဉ်းဥပဒေ များကို AFN က ဇွန်လတွင် လျှို့ဝှက်လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ဥပဒေကြမ်းကို ကိုယ်ပိုင်ပုံစံဖြင့် မြန်မြန်ရေးဆွဲခဲ့သည်။

ယင်းဥပဒေက အမေရိကန်အပါအဝင် နိုင်ငံခြားအစိုးရများချမှတ်ထားသော ပိတ်ဆို့မှုများကို လိုက်နာသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို အပြစ်ပေးရန်အတွက် တရုတ်အစိုးရကို အခွင့်အာဏာပေးထားသည်။

ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားမှုအား နှိမ်နင်းသည့်အတွက် တာဝန်ရှိသော တရုတ်နှင့် ဟောင်ကောင်အရာရှိများကို အမေရိကန်က ပစ်မှတ်ထားသည်။

ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် နေအိမ်တွင် ငွေများစုပုံနေကြောင်း ၂၀၂၀ပြည့်နှစ်က မကျေမနပ်ပြောကြားခဲ့သည့် ဟောင်ကောင်အုပ်ချုပ်ရေးမှုး ကယ်ရီလမ်အပါအဝင် အမေရိကန် ဒဏ်ခတ် ပိတ်ဆို့ထားသော အရာရှိများ၏ အပ်ငွေများနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ဟောင်ကောင်ဘဏ်အချို့က လက်ခံရန်ငြင်းဆန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly