ဂျမူး-ကက်ရှ်မီးယားပြည်နယ်၏ စစ်တပ်လက်အောက်ခံ ကျောင်းတွင် ဆင်းရဲနွမ်းပါသည့် မိသားစုများမှ ကလေးများ တန်းတူရည်တူ ပညာသင်ကြားခွင့်ရရှိ

ဂျမူး-ကက်ရှ်မီးယားပြည်နယ်၏ စစ်တပ်လက်အောက်ခံ ကျောင်းတွင် ဆင်းရဲနွမ်းပါသည့် မိသားစုများမှ ကလေးများ တန်းတူရည်တူ ပညာသင်ကြားခွင့်ရရှိ

အိန္ဒိယစစ်တပ်၏ ခရစ်ရှနာဂါတီတပ်မဟာက ဂျမူးနှင့် ကက်ရှ်မီးယားဒေသ နယ်စပ်ထိန်းချုပ်မျဉ်းအနီးရှိ ပူနက်ချ်ခရိုင်တွင် စာသင်ကျောင်းတစ်ကျောင်းကို ထူထောင်ထားပြီး ဆင်းရဲနွမ်းပါးသည့် သတ်မှတ်ချက်နှုန်းအောက်ရှိ မိသားစုများမှ ကလေးငယ်များအတွက် အခမဲ့ ပညာသင်ကြားခွင့်ရရန် ဆောင်ရွက်ပေးလျှက်ရှိသည်။

ဘာဘာဂါရစ်ဒက်စ် အကယ်ဒမီကျောင်းတွင် အဆိုပါ မီသားစုများမှ ကလေးငယ်များသည် ပညာသင်ကြားရေး၊ ကျောင်းဝတ်စုံ၊ စာအုပ်များနှင့် အခြားဆက်စပ်ပစ္စည်းများကို အခမဲ့ ရရှိကြသည်။

အခမဲ့ ပညာသင်ကြားရေးနှင့် အခြားလိုအပ်သည့်ပစ္စည်းများ ရရှိအောင် ဆောင်ရွက်ပေးသည့် စစ်တပ်ကိုလည်း အဆိုပါကျောင်းမှ ကျောင်းသားများက ကျေးဇူးတင်လျှက်ရှိကြသည်။

အဆိုပါကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သူ ဂျာဆလန်ဆင်းဂ်က “ဒီကျောင်းဟာ ခရစ်ရှနာဂါတီနယ်မြေရဲ့ နယ်စပ်မျဉ်းနားမှာ ရှိပြီး အိန္ဒိယစစ်တပ်က ကြီးကြပ်နေပါတယ်။ စစ်တပ်က ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့

ဆင်းရဲတဲ့ မိသားစုတွေကို အကူအညီပေးတယ်။ လွယ်အိတ်၊ ကျောင်းဝတ်စုံ၊ စာအုပ်နဲ့ အခြားပစ္စည်းတွေကိုလည်း ပေးတယ်” ဟု ANI သတင်းဌာနသို့ ပြောကြားသည်။

အခြားကျောင်းသားတစ်ဦးဖြစ်သူ ရှက်နမ်ချောင်ဒါရီကလည်း အိန္ဒိယစစ်တပ်သည် နယ်စပ်ဒေသများရှိ ဆင်းရဲသော ကလေးငယ်များအတွက် အခမဲ့ပညာရေး သင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးနေကြောင်း ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းသား ၁၅၀ မှ ၂၀၀ အကြားရှိပြီး အများစုသည် နွမ်းပါးသည့် မိသားစုများမှ ဖြစ်ကြောင်း ကျောင်းဆရာ အစ်ကဘယ်ဆင်းဂ်က ပြောသည်။

“ဒီကျောင်းကို စစ်တပ်က ၂၀၀၇ ခုနှစ်မှ ထူထောင်ခဲ့တယ်။ နယ်စပ်မျဉ်းနားမှာ ရှိပြီး ဒီမှာ လာသင်ကြတဲ့ ကျောင်းသားအများစုဟု ဝေးလံခေါင်ဖျားနေရာတွေနဲ့ ဆင်းရဲတဲ့ မိသားစုတွေကပါ။ ကျောင်းသား ၁၅၀ -၂၀၀ လောက်ရှိပြီး အခမဲ့ သင်ကြားရတာပါ။ အရင်တုန်းက ဒီနေရာမှာ ကျောင်းမရှိဘူး။ အ စွန်အဖျားဒေသက ကျောင်းသားတွေအတွက် အထောက်အပံ့အများကြီး ဖြစ်စေပါတယ်” ဟု ၎င်းက ANI သို့ ပြောသည်။

ယခုအချိန်ထိ ဤကျောင်းမှ ကျောင်းသား ၅-၆ ဦးခန့်သည် အိန္ဒိယစစ်တပ်သို့ ဝင်ရောက်သွားပြီး နိုင်ငံတော်ကာကွယ်ရေးအကယ်ဒမီ (NDA) သို့ တက်ရောက်ရန် ပြင်ဆင်နေသည့် ကျောင်းသားများလည်း ရှိကြောင်း ၎င်းက ပြောကြားသည်။

တပ်မှူး နီခေးလ်က ယခင်က ဤကျောင်းတွင် ၅ တန်းအထိသာ ရှိပြီး ယခုအခါ ၈ တန်းအထိ ရှိကာ ၁၀ တန်းအထိ သင်ကြားနိုင်ရန် ပြင်ဆင်နေကြောင်းနှင့် ရန်ပုံငွေများလည်း ရရှိထားကြောင်း ပြောကြားသည်။

“ဒီကလေးတွေရဲ့ ပညာရေးအတွက် ဆောင်ရွက်ပေးနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေကြပါတယ်။ အိန္ဒိယစစ်တပ်က ကျောင်းအဆောက်အဉိ၊ ဆရာတွေရဲ့ လစာကနေ ကျောင်းဝတ်စုံနဲ့ စာသင်ခန်းတွေ ကောင်းမွန်ဖို့ လုပ်ဆောင်နေပါတယ်” ဟု အဆိုပါ တပ်မှူးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly