မင်္ဂလာဆောင် တင်တောင်းစရိတ်ကြောင့် ဒုက္ခရောက်ခြင်း၊ မူးယစ်ဆေးစွဲခြင်းနှင့် မိမိကိုယ်ကို သတ်သေခြင်းတို့ကို ရှောင်ကြဉ်ရန် ဂျမူးနှင့် ကက်ရှ်မီးယားရှိ ဘာသာရေးခေါင်းဆောင်များက သတိပေးမှာကြား

မင်္ဂလာဆောင် တင်တောင်းစရိတ်ကြောင့် ဒုက္ခရောက်ခြင်း၊ မူးယစ်ဆေးစွဲခြင်းနှင့် မိမိကိုယ်ကို သတ်သေခြင်းတို့ကို ရှောင်ကြဉ်ရန် ဂျမူးနှင့် ကက်ရှ်မီးယားရှိ ဘာသာရေးခေါင်းဆောင်များက သတိပေးမှာကြား

အိန္ဒိယနိုင်ငံ ဆရီနာဂါရှိ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဘာသာရေးခေါင်းဆောင်အသင်း၊ ဗလီဆရာများနှင့် အခြား ဘာသာရေးအကြီးအကဲများက ကြီးမှူးကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် ပြည်သူများအနေဖြင့် မင်္ဂလာဆောင်တင်တောင်းသည့် စရိတ်ကြောင့် ဒုက္ခရောက်ခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ မိမိကိုယ်ကို သတ်သေခြင်းနှင့် ဒုစရိုက်မှုများကို ရှောင်ကြဉ်ကြရန် သတိပေးမှာကြားလိုက်သည်။

ဆရီနာဂါမြို့ရှိ အသင်း၏ တရားဝင်ထုတ်ပြန်ချက်တွင် အခမ်းအနားသို့ နယ်မြေအတွင်းမှ ဘာသာရေးခေါင်းဆောင် ၂၀ ကျော် တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဘာသာရေးခေါင်းဆောင်များအသင်း ဥက္ကဌဟီလယ်အာမက်လိုနီက မင်္ဂလာဆောင် တင်တောင်းသည့် စရိတ်ကြောင့် ဒုက္ခရောက်ခြင်း၊ မူးယစ်ဆေးစွဲခြင်းနှင့် ဒုစရိုက်မှုများကို လူထုအကြား သတိထားစေရန် ဘာသာရေးခေါင်းဆောင်များနှင့် ဗလီဆရာများတွင် တာဝန်ရှိကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ကက်ရှ်မီးယားတောင်ကြားဒေသတွင် မိမိကိုယ်ကို သတ်သေမှုများ မြင့်တက်လာခြင်းအပေါ်လည်း စိုးရိမ်ကြောင်း ၎င်းက ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့် ပြည်သူတို့ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ကြရန် အခမ်းအနားသို့ တက်ရောက်လာသူများအား လိုနီက တိုက်တွန်းခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် အသင်းဝင်များနှင့် ဗလီဆရာတို့ကလည်း အဆိုပါကိစ္စရပ်များတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly