တရုတ်ကုမ္ပဏီက ဒါစု ရေအားလျှပ်စစ်စီမံကိန်းပြန်စတင်ရန် တွန့်ဆုတ်နေဟု ပါကစ္စတန် ပြောကြား

By India Blooms News Service |
18 August 2021
တရုတ်ကုမ္ပဏီက ဒါစု ရေအားလျှပ်စစ်စီမံကိန်းပြန်စတင်ရန် တွန့်ဆုတ်နေဟု ပါကစ္စတန် ပြောကြား

ဘတ်စ်ကား ဗုံးပေါက်ကွဲမှုတစ်ခု ဇူလိုင် ၁၃ရက်က ဖြစ်ပွားခဲ့ရာတွင် တရုတ်အလုပ်သမား ၉ ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံရှိ ဒါစုရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအား ပြန်လည်စတင်ရန် တွန့်ဆုတ်နေကြောင်း မီဒီယာသတင်းများတွင် ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံ၏ ရေနှင့်လျှပ်စစ်ဓာတ်အား တိုးတက်ရေးအာဏာပိုင်အဖွဲ (WAPDA) နှင့် စီမံကိန်း ပြန်လည်စတင်ရန် လုပ်ဆောင်မည့် တရုတ်နိုင်ငံ၏ ဂီကျိုးဘားကုမ္ပဏီအုပ်စုတို့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အစ္စလာမာဘတ်မြို့၌ အပြီးသတ်မဆုံးဖြတ်နိုင်ခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။ ယင်းဆွေးနွေးပွဲသို့ ပါကစ္စတန်နို်ငငံဆို်ငရာ တရုတ်သံအမတ်ကြီးလည်း တက်ရောက်ခဲ့သည်။

ယမန်သီတင်းပတ်အတွင်း ရွှေ့ဆိုင်းခဲ့ရသည့် ညှိနှိုင်းဆွေးနွေးမှုကို တရုတ်သံအမတ်ကြီး နွန်ရွန်ပါဝင်ကာ နောက်တစ်ပတ်တွင် ဆွေးနွေးခဲ့သော်လည်း တရုတ်ကုမ္ပဏီက လုံခြုံရေးနှင့် အခြားအကြောင်းပြချက်များ ကြောင့် စီမံကိန်းကို ပြန်လည်စတင်ရန် တွန့်ဆုတ်နေဆဲ ဖြစ်ကြောင်း ပါကစ္စတန်ဖက်မှ ညှိနှိုင်းဆွေးနွေးသူတစ်ဦးက Dawn သို့ ပြောကြားသည်။

သို့သော် လုပ်ငန်းများအမြန်ဆုံး ပြန်လည်စတင်နို်ငရန် နောက်တစ်ကြိမ် တွေ့ဆုံအရေးအတွက် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်းလည်း ၎င်းက ပြောကြားသည်။

အထက်နှင့် အောက် ကိုဟီစတန်နှင့် ကိုလိုင်-ပါလက်စ် ခရိုင်များတွင် ပါကစ္စတန်စစ်တပ်များကို ချပေးမည်ဟုလည်း WAPDA ၏ ဥက္ကဌက တရုတ်ကုမ္ပဏီ ကိုယ်စားလှယ်များနှင့် သံအမတ်ကြီးအား ပြောကြားခဲ့သည်။

ကိုဟီစတန်ခရိုင်တွင် ချထားမည့် ပါကစ္စတန်စစ်တပ်က တရုတ်နို်ငငံသားများလုပ်ငန်းခွင်သွားရာတွင် လိုက်ပါစောင့်ရှောက်ပေးမည်ဖြစ်သလို ကာရာခိုရမ် အဝေးပြေးလမ်းမတွင်လည်း ကင်းစခန်းများ ချပေးသွားမည်ဟု ပြောကြားထားသည်။

တရုတ်အဖွဲ့များနှင့် ပါကစ္စတန်အကြမ်းဖက်တိုက်ဖျက်ရေးဌာနတို့က ဘတ်စ်ကားဗုံးပေါက်ကွဲမှုအပေါ် စုံစမ်းစစ်ဆေးမှု တိုးတက်ခြင်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required