KBS ဖျော်ဖြေရေး ဆုပေးပွဲတွင် အစီစဉ်မှူးအဖြစ် ဆောင်ရွက်သွားမယ့် ဆီအိုလီ

KBS ဖျော်ဖြေရေး ဆုပေးပွဲတွင် အစီစဉ်မှူးအဖြစ် ဆောင်ရွက်သွားမယ့် ဆီအိုလီ

ဆိုးလ်၊ ဒီဇင်ဘာ ၁၃ ။           ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ AOA အဖွဲ့ဝင် ဆီအိုလီသည် မကြာမီ ကျင်းပ ပြုလုပ်မည့် KBS ဖျော်ဖြေရေး ဆုပေးပွဲတွင် အစီစဉ်မှူးအဖြစ်   ဆောင်ရွက်ရန် ရွေးချယ်ခံထားရသည်။

အသက် ၂၀ နှစ်အရွယ်ရှိ ဆီအိုလီသည် ရုပ်မြင်သံကြား ဖျော်ဖြေသူ ရှင်ဒေါင်ယွပ်နှင့် အဆို တော် ဆောင်ဆီကျောင်တို့နှင့်အတူ ပူးတွဲအစီစဉ်မှူး လုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်းသို့ အစီစဉ်မှူး လုပ်ခြင်းသည် ရှင်ဒေါင်ယွပ်အတွက် ခြောက်နှစ်ဆက်တိုက် လုပ်ဆောင်ခြင်းဖြစ်ပြီး ဆောင်အတွက် ဒုတိယအကြိမ် ဖြစ်သည်။

ဆီအိုဘီသည် နိုဝင်ဘာ ၂၆ ရက်က ကျင်းပပြုလုပ်သော ၃၆ ကြိမ်မြောက် Blue Dragon  ရုပ်ရှင်ဆုပေးပွဲတွင် Popular Star Awrad ဆုကို လီမင်ဟို၊ ပက်ခ်ဆီအိုဂျွန်နှင့် ပက်ခ်ဘိုယောင်တို့နှင့် အတူ ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် KBS ရုပ်မြင်သံကြား ဆုပေးပွဲကို ဆိုးလ်မြို့ ယီအိုယီဒိုရှိ KBS ရုပ်သံ၏ ခန်းမသစ်၌  ဒီဇင်ဘာ ၂၆ ရက် ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး သုံးနာ ရီကြာ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly