ဂျီဟတ်သီချင်းစာသားများ ထုတ်လွှင့်ပြီးနောက် ဗြိတိန် ရေဒီယိုအသံလွှင့်ဌာန ဒဏ်ခတ်မှုကို ရင်ဆိုင်ရနိုင်

By standard.co.uk
14 August 2021
ဂျီဟတ်သီချင်းစာသားများ ထုတ်လွှင့်ပြီးနောက် ဗြိတိန် ရေဒီယိုအသံလွှင့်ဌာန ဒဏ်ခတ်မှုကို ရင်ဆိုင်ရနိုင်

ဗြိတိန်တွင် လူနည်းစုတိုင်းရင်းသားများနှင့် သက်ဆိုင်သည့် အသံလွှင့်ဌာနတစ်ခုသည်“ ဂျီဟတ်သီချင်းစာသားများ” ပါဝင်သော ဆော်သြချက်ပါသည့် ဓမ္မသီချင်းတစ်ပုဒ်ကို ထုတ်လွှင့်ပြီးနောက် ရေဒီယိုအသံလွှင့်ဌာနသည် ဒဏ်ခတ်မှုကို ရင်ဆိုင်ရနိုင်သည်ဟု ရုပ်သံထုတ်လွှင့်မှုစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ရှက်ဖီးမြို့အခြေစိုက်သည့် Link FM သည် Nasheedဟု လူသိများသည့်ဓမ္မသီချင်းကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလတွင် နံနက်ခင်းပြသသည့်အစီအစဉ် ၂ ခုတွင်၂ ကြိမ် ထုတ်လွှင့်ခဲ့သည်။

ထုတ်လွှင့်ပြီးနောက် စည်းကမ်းထိန်းသိမ်းရေးဌာန Ofcomအဖွဲ့သို့ တိုင်ကြားချက် ၄ ခု ရရှိခဲ့သည်။

သြဂုတ်လ ၁၀ရက်က ထုတ်ဝေခဲ့သော အစီရင်ခံစာတစ်ခုတွင် Ofcom၏ ပြောကြားချက်အရ နားထောင်သူများက Nasheedကို “ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုသော” ဂျီဟတ်သီချင်းစာသားများပါဝင်သော Jundallahဟု ခေါ်ဝေါ်ခဲ့သည်။

Ofcomသည် Nasheed၏ သီချင်းစာသားကို ဘာသာပြန်ခဲ့ပြီးနောက် ယင်းသည် ထုတ်လွှင့်မှုဆိုင်ရာ စည်းမျဉ်း ၂ ချက်ကို ချိုးဖောက်ခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။

အစီရင်ခံစာတွင် Nasheedsသည် အစ္စလာမ်ဘာသာရေးယုံကြည်မှုကို ကောင်းစွာ ဖော်ပြသည့် ဓမ္မတေးတစ်ပုဒ်ဖြစ်ပြီး “အကြမ်းဖက်သံများမပါရှိသော နူးညံ့သိမ်မွေ့သော ဘာသာရေးသတင်းစကား” ဟု နားလည်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ဆိုခဲ့သည်။

သို့သော် “ Jihadi Nasheed” ဟု လူသိများသော နောက်ဆုံးပေါ် Nasheedsအမျိုးအစားသည်“ စစ်ပွဲကဲ့သို့ အသံအနေအထား၊ အမြင့်သံစဉ်နှင့် ကြမ်းတမ်းသော ဂျီဟတ်ဇာတ်ကြောင်းကို ဖန်တီးအသုံးပြုရန်” တို့က ပိုများလာကြောင်း ထပ်လောင်း ဆိုခဲ့သည်။

ရေဒီယိုအသံလွှင့်လုပ်ငန်းပိုင်ရှင်ဖြစ်သော ပါကစ္စတန်မွတ်စလင်စင်တာက စည်းကမ်းချိုးဖောက်မှုတစ်ခုဖြစ် ပွားခဲ့သည်ကို နားလည်ကြောင်းနှင့် ယင်းအမှားအတွက် အနူးအညွတ်တောင်းပန်ပါကြောင်း ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly