ပါကစ္စတန်ကို ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရန် တောင်းဆိုသည့် တွစ်တာလှုပ်ရှားမှု အရှိန်ရလာ

By Daily Outlook Afghanistan
14 August 2021
ပါကစ္စတန်ကို ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရန် တောင်းဆိုသည့် တွစ်တာလှုပ်ရှားမှု အရှိန်ရလာ

တာလီဘန်များအား ကူညီထောက်ပံ့ပေးနေသည်ဟူသော စွပ်စွဲချက်များရှိနေသဖြင့် ပါကစ္စတန်ကို ဒဏ်ခတ် ပိတ်ဆို့မှုများချမှတ်ရန် တောင်းဆိုမှုများသည် ပြီးခဲ့သည့်သတင်းပတ်နှင့် သြဂုတ်လ ၁၆ရက်နောက်ဆုံးထားပြီး ပြုလုပ်သည့် #SanctionPakistan လှုပ်ရှားမှုသည် တွစ်တာတွင် ရေပန်းစားလာခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆိုသည့် အာဖဂန်နစ္စတန်တွစ်တာအသုံးပြုသူများ၏ ကြားခံစစ်ပွဲအဆုံး သတ်ရေး #EndProxyWar လှုပ်ရှားမှုသည်လည်း အရှိန်ရလျှက်ရှိသည်။

အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဂူလမ် အိုင်ဆက်ဇိုင်းက တာလီဘန်များအား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတက်ရောက်ရေးအတွက် ဖိအားပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များအား လွန်ခဲ့သည့် ရက်အနည်းငယ်က တောင်းဆိုလိုက်ပြီး နိုင်ငံတစ်ဝန်းအကြမ်းဖက်မှုများ သိသိသာသာ မြင့်တက် လာနေစဉ် ယင်းလူမှုမီဒီယာလှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများသည် အယ်ကိုင်ဒါနှင့် ISIS (Daesh) အပါအဝင် အဖွဲ့ပေါင်း၂၀ ကို ကိုယ်စားပြုသော နိုင်ငံခြားအကြမ်းဖက်တိုက်ခိုက်ရေးသမား ၁၀ဝဝဝ ကျော်၏ တိုက်ရိုက် ပါဝင်မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂသံ အမတ်ကြီး ဂူလမ် အိုင်ဆက်ဇိုင်းက အာဖဂန်နစ္စတန် အခြေအနေနှင့် ပတ်သက်သော အစည်းအဝေးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တာလီဘန်များသည် ခိုလှုံပုန်းအောင်းနေသည့် နေရာများ၊ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများမှသည် ပါကစ္စတန်မှ စစ်သုံးလက်နက်များအထိ ဆက်လက်ရရှိနေကြောင်း သူက ပြောကြားခဲ့သည်။

အာဖဂန်နှင့် ပါကစ္စတန်နယ်ခြားမျဉ်းဖြစ်သော ဒူးရန့်မျဉ်းအနီးတွင် တာလီဘန်တိုက်ခိုက်ရေးသမားများသည် အာဖဂန်သို့ဝင်ရောက်ရန် စုဝေးနေသည့် အစီရင်ခံစာနှင့် ဗီဒီယိုများတွင်တွေ့မြင်ခဲ့ရကြောင်း အိုင်ဆက်ဇိုင်းက ဆိုသည်။

အစုလိုက်အပြုံလိုက်မြေမြှုပ်ရန် နယ်စပ်သို့ လူသေများကို လွှဲပြောင်းပေးခြင်းနှင့် ဒဏ်ရာရသည့် တိုက်ခိုက်ရေးသမားများကို ပါကစ္စတန်ဆေးရုံများတွင် ကုသပေးရန်အတွက် တာလီဘန်များက ပါကစ္စတန်တွင် ရန်ပုံငွေရှာဖွေ ခြင်းများ ပြုလုပ်ခဲ့ကြောင်း သူက ဆိုသည်။

အာဖဂန်နစ္စတန်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ ပြည်သူများခံစားနေရသော ဆင်းရဲဒုက္ခများကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly