ပိုးလမ်းမသစ် စီမံကိန်းနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသော်လည်း တရုတ်အပေါ် မြန်မာ၏ မှီခိုအားထားမှု ပိုမိုများပြားလာ

ပိုးလမ်းမသစ် စီမံကိန်းနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသော်လည်း တရုတ်အပေါ် မြန်မာ၏ မှီခိုအားထားမှု ပိုမိုများပြားလာ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြတ်တောက်သွား သော်လည်း တရုတ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် တရုတ်အစိုးရက ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၆ သန်းကျော်ကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ပိုးလမ်းမရပ်ဝန်းအစီအစဉ်သစ် (BRI) နှင့် သက်ဆိုင်သည့် တရုတ်ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၆၇၉ ခုထက်မနည်း ဖြစ်ပွားထားကြောင်း အစီရင်ခံစာအသစ်တစ်စောင် ထွက်ပေါ်လာချိန်တွင် တရုတ်အစိုးရက ယခုကဲ့သို့ ငွေကြေးလွှဲပြောင်းပေးမည့် ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

စီးပွားရေးနှင့် လူ့အခွင့်အရေး ရင်းမြစ်များ စင်တာ (BHRRC) က ဩဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် အုပ်ချုပ်မှုစနစ် အားလျော့သော၊ တရုတ်ရင်းနှီးမြှုပ်နှံမှုများ အားကောင်းသော ဒေသများတွင် ပိုမိုဖြစ်ပွားဖွယ်ရှိကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ တရုတ်၏ စီးပွားရေး လုပ်ငန်းများသည် အန္တရာယ်ကြီးမားကြောင်းလည်း ယင်းအစီရင်ခံစာတွင် သတ်မှတ်ထားသည်။

၂၀၁၃ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား မှတ်တမ်းယူနိုင်ခဲ့သည် လူ့အခွင့်အရေး ချိုးဖောက်မှု ၃ ပုံ ၁ ပုံနီးပါးသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ ဖြစ်ပွားခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။ ပီရူးနှင့် အီကွေဒေါအပါအဝင် အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုများပြားသည်။

BRI စီမံကိန်း၌ပါဝင်သည့် နိုင်ငံများတွင် တရုတ်၏ နို်ငငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၁၃ နှင့် ၂၀၁၈ ခုနှစ်အတွင်း ဒေါ်လာ ၉၀ ဘီလျံကျော်ကြောင်း တရားဝင်ကိန်းဂဏန်များတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ အဆိုပါ ငွေများကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အတွင်းမှ ပေးအပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် တိရစ္ဆာန်ကာကွယ်ဆေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွားလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများ ပါဝင်သည်။

ငွေကြေးပေးရန် သဘောတူစာချုပ်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဩဂုတ် ၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသလို တရုတ်သံရုံး၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်လည်း အတည်ပြုထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြိုလဲနေသလို ကျန်းမာရေးစနစ်တွင်လည်း စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုသည် ဇူလိုင်လအတွင်းက အမြင့်ဆုံးအရေအတွက်သို့ ရောက်ရှိခဲ့ပြီး လက်ရှိအချိန်တွင် နေ့စဉ်ပျမ်းမျှကူးစက်ခံရသူ ၃၈၂၄ ဦး တွေ့ရှိထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly