အိန္ဒိယအစိုးရက ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိခရိုင်အားလုံးတွင် Khelo-India အားကစားစင်တာ ၄၀ တည်ဆောက်သွားမည်

အိန္ဒိယအစိုးရက ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိခရိုင်အားလုံးတွင် Khelo-India အားကစားစင်တာ ၄၀ တည်ဆောက်သွားမည်

အိန္ဒိယအစိုးရက အားကစား လိုက်စားသည့် အလေ့အထ ပိုမို မြှင့်တင်နိုင်စေရန် ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ခရိုင်အားလုံးတွင် Khelo-India အားကစားစင်တာ ၄၀ ကို တည်ဆောက်သွားမည်ဟု ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး မန်နော့ဂျ် ဆင်းဂ်က ဩဂုတ် ၆ ရက်တွင် ပြောကြားသည်။

မျိုးဆက်သစ် အားကစားများကို သင်ကြားလေ့ကျင့်ပေးရန် နည်းပြ ၂၂ ဦးကို လည်း ခန့်အပ်ထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“ဝန်ကြီးချုပ်၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (PMDP) အရ နည်းပြ ၄၄ ဦးနှင့် သင်တန်းဆရာ ၂၂ ဦးကို သက်ဆိုင်ရာ အားကစားသမားများအတွက် ခန့်အပ်သွားပါမယ်” ဟု ဒုတိယအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly