တာလီဘန်တို့၏ ကတိများကို သတိထားသင့်ကြောင်း တရုတ်ဆိုင်ရာ အာဖဂန်သံအမတ်ကြီး သတိပေး

တာလီဘန်တို့၏ ကတိများကို သတိထားသင့်ကြောင်း တရုတ်ဆိုင်ရာ အာဖဂန်သံအမတ်ကြီး သတိပေး

တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသမှ ခွဲထွက်ရေးကြိုးပမ်းနေသော အစ္စလာမ္မစ်စစ်သွေးကြွများကို အခြေစိုက်ခွင့် မပေးကြောင်း တရုတ်ကို ပြောကြားထားသည့် တာလီဘန်များ၏ ကတိများကို မယုံကြည်သင့်ကြောင်း တရုတ်က တာလီဘန်အရာရှိများအား လက်ခံတွေ့ဆုံပြီး တစ်ပတ်အကြာတွင် တရုတ်နိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီးက ပြောကြားခဲ့သည်။

တာလီဘန်တို့က တရုတ်ပြည်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို အာဖဂန်ပိုင်နက်အား တရုတ်ဆန့်ကျင်ရေးတပ်ဖွဲ့များက အသုံးပြုမည်ကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ကတိပေးခဲ့သည်။

သို့သော် တရုတ်ပြည်ဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီးက ဂျာဗေးဟာမက်ကွာအမ်က တာလီဘန်များ၏ ကတိများကို မယုံကြည်ခဲ့ပေ။

လူတွေ့မေးမြန်းခန်းတစ်ခုတွင် "တရုတ်ကယုံတောင်ယုံမှာမဟုတ်ပါဘူး" ဟု အာဖဂန် နစ္စတန်သံအမတ်ကြီး ပြောဆိုခဲ့ပြီး တာလီဘန်များက ဒေသတွင်းထောက်ခံမှုရရှိရန် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ယခင်က အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စုတို့ ပြုလုပ်သကဲ့သို့ တစ်ဖက်ကို ထောက်ခံပြီး တစ်ဖက်ကို ဆန့်ကျင်မည့်အစား တရုတ်နိုင်ငံသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွပ်ဖက်ရေးမူဝါဒနှင့် အညီ အာဖဂန် အရေးသည် အာဖဂန်နှင့်သာဆိုင်သည့် ချည်းကပ်မှုမျိုးကို ကျင့်သုံးထားသည်။

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များဆုတ်ခွာခြင်းနှင့် တာလီဘန်သူပုန်များက နယ်မြေများ သိမ်းပိုက်ခြင်း တို့ကြောင့် တိုက်ပွဲများအရှိန်မြင့်တက်လာသည်နှင့်အမျှ ဒေသတွင်းမတည်ငြိမ်မှုများက အနောက်ဘက်သို့ အခြေခံအဆောက်အအုံများနှင့် စွမ်းအင်အတွက် ချိတ်ဆက်ပေးမည့် တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်းကို အနှောက် အယှက်ဖြစ်စေမည်ဖြစ်ပြီး အနောက်ဘက်ရှင်ကျန်းဒေသအား မတည်မငြိမ်ဖြစ်စေရန်အတွက် ခွဲထွက်ရေးသူပုန်များက အတင့်ရဲစွာလုပ်ဆောင်လာမည်ကို တရုတ်က စိုးရိမ်နေသည်။

ပြီးခဲ့သည့်သီတင်းပတ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းနှင့် တွေ့ဆုံပြီး ရက်အနည်းငယ်တွင် ၎င်းနှင့် တွေ့ဆုံခဲ့သည့်နေရာဖြစ်သော မြောက်ပိုင်း ထန်ကျင်းမြို့ရှိ ဟိုတယ်တွင်ပင် တာလီဘန် ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly