မတည်မငြိမ်ဖြစ်နေသော ရှင်ကျန်းတွင် တရုတ်အစိုးရက တပ်မှူးအသစ် ခန့်အပ်

By Washingtonpost
10 August 2021
မတည်မငြိမ်ဖြစ်နေသော ရှင်ကျန်းတွင် တရုတ်အစိုးရက တပ်မှူးအသစ် ခန့်အပ်

မွတ်စလင်လူနည်းစု ၁ သန်းကျော် ထိန်းသိမ်းထားရပြီး မတည်မငြိမ်ဖြစ်နေသော ရှင်ကျန်းဒေသတွင် အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒကို နှိမ်နင်းရန် ကြိုးပမ်းမှုတစ်ခုအနေဖြင့် တရုတ်စစ်တပ်က တပ်မှူးအသစ်တစ်ဦးအား ခန့်အပ်လိုက်သည်။

ပါကစ္စတန်နှင့် အမေရိကန်တပ်များ ဆုတ်ခွာနေသော အာဖဂန်နစ္စတန်ကဲ့သို့ပင် မတည်မငြိမ်ဖြစ်နေသော ဒေသများနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အနောက်မြောက်ပိုင်းဒေသ တွင် ကြီးမားသောစစ်တပ်ကို ဒုတိယဗိုလ်ချုပ်ကြီးဝမ်ဟိုင်ကျန်းက ကြီးကြပ်ကွပ်ကဲရမည်ဖြစ်သည်။

ရှင်ကျန်းပြည်နယ်၏ သဘောထားတင်းမာသော ကွန်မြူနစ်ပါတီအကြီးအကဲ ချန်ချင်ကော်နည်းတူ ဒုတိယ ဗိုလ်ချုပ်ကြီးဝမ်ဟိုင်ကျန်းသည်လည်း တိဘက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တိဘက်ဒေသ ပြည်သူများ၏ တရုတ် အစိုးရဆန့်ကျင်ရေး စိတ်ဓာတ်များကို ချိုးနှိမ်နင်းရန်နှင့် ၂၀၂၀ပြည့်နှစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ရသည့် အိန္ဒိယနှင့် အငြင်းပွားနေသော နယ်စပ်ကို ကာကွယ်ရန်အတွက် စစ်တပ်အင်အားအများအပြားချထားရသည်။

သြဂုတ်လ ၃ရက်က အကြီးတန်းအရာရှိများအတွက် ကျင်းပသည့် အငြိမ်းစားယူသည့် အခမ်းအနားတွင် သဘာပတိအဖြစ်လုပ်ဆောင်သည့် သူ့ကို ရှင်ကျန်းစစ်ရေးခရိုင်၏ လူမှုမီဒီယာတွင် ဖော်ပြလျက် ဒုတိယဗိုလ်ချုပ်ကြီးဝမ်ဟိုင်ကျန်း၏ ကြိုတင်မကြေညာသောခန့်အပ်မှုကို ထုတ်ဖော်ပြသခဲ့သည်။

၁၉၈၀ပြည့်နှစ်များ အစောပိုင်းတွင် ဗီယက်နမ်နှင့် နယ်စပ်စစ်ပွဲအတွင်း ဝမ်သည် တိုက်ပွဲဝင်ခဲ့ပြီး အထက်တန်းစားများသာ တာဝန်ထမ်းဆောင်ရသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့တစ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဆုတ်ခြင်းက တရုတ်အစိုးရအတွက် အထူးစိုးရိမ်စရာဖြစ်ပြီး တရုတ်နယ်စပ် တစ်လျှောက်တွင် အစ္စလာမ်မစ်စစ်သွေးကြွများ ပြန်လည်ခေါင်းထောင်လာမည်ကိုစိုးရိမ်နေသည်။

အာဖဂန်နစ္စတန်တွင် လျင်မြန်စွာ နယ်မြေများသိမ်းပိုက်ခဲ့ပြီး မြို့ကြီးများတွင် တိုက်ခိုက်နေသည့် တာလီဘန်မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြီးခဲ့သည့်သတင်းပတ်က တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required