ချင်းပြည်နယ် စစ်ကောင်စီအစိုးရအဖွဲ့ရုံးတွင် ဖျားနာ‌နေသူ‌များ အပြင် ကိုဗစ်ကြောင့်သေဆုံးသူများပါရှိနေ

ချင်းပြည်နယ် စစ်ကောင်စီအစိုးရအဖွဲ့ရုံးတွင် ဖျားနာ‌နေသူ‌များ အပြင် ကိုဗစ်ကြောင့်သေဆုံးသူများပါရှိနေ

ဟားခါး - ဩဂုတ် ၉

အာဏာသိမ်းစစ်ကောင်စီ၏ ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ဝန်ထမ်းအများစုဖျားနာနေပြီး ကိုဗစ်ရောဂါပိုးတွေ့ရှိသည့်အတွက်ကြောင့် ဆေးရုံတွင်တက်ရောက်ကုသမှုခံနေသူများရှိသည့်အပြင် သေဆုံးသူများပါရှိနေသည်ဟုသိရသည်။

''ရုံးမှာတော့တော်‌တော်များများကဖျားနေကြတယ်။ဝန်ထမ်းတွေကလည်းအရင်ထက်နည်းတယ်။ အခုတော့ ဖျားနာအနံ့ပျောက်တာ‌ တွေများလာတယ်။အပေါ်ထပ်မှာဖြစ်တာပိုများတယ်။ သူတို့တွေကလူကြီး တွေနဲ့နီးနီးကပ်ကပ်အလုပ်လုပ်ကြရတာ။ မနေ့ကဆို ဆေးရုံတက်နေတဲ့ ဦးစီးတစ်ယောက်ဆုံးသွားတယ်။ နောက်ညွှန်မှူးတစ်ယောက်လည်းအခုထိဆေးရုံတက်နေဆဲတော်တော်များများဆေးရုံမှာအောက်ဆီဂျင်ရှူ နေကြရတယ်ဟု'' ဝန်ထမ်းအမျိုးသမီးတစ်ဦးကပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်ပေါက်ထွက်ပေါက်များတွင် ကိုဗစ်နဲ့ပတ်သက်ပြီး စစ်ဆေးမှုများ နေ့စဉ်လုပ်ဆောင်နေကြောင်း လည်းသိရသည်။

''အမှန်တိုင်းပြောရင် ကျွန်မတို့လည်းကြောက်ကြတယ်။ရောဂါမကူးစက်ဖို့ အပြင်လူတွေနဲ့ စစ်ဆေးရမှာဆိုတော်သေးတယ်။ ဒီမှာကစစ်သားတွေဆိုတော့ ဘယ်သူမှသွားမစစ်ရဲကြဘူးလေ။ သူတို့ဆီက‌ နေကူးရင်အကုန်ကူးကုန်မှာ အခု အစိုးရအဖွဲ့ရုံးမှာ ကိုဗစ်ဖြစ်တဲ့သူအများစုကလူကြီးရုံးခန်းနားက သူတွေပိုများတယ်''ဟုသူမက ရုံးအတွင်းကူးစက်ပျံပွားနေသည့် အခြေအနေကို ရှင်းပြသည်။

ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါရှိမရှိ အယောက်ပေါင်း ၁၃၀၀၀ ကျော်ကို RDTဖြင့် စစ်ဆေးပေးခဲ့ရာ ပိုးတွေ့ရှိသူ ၂၀၀၀ကျော်နှင့် သေဆုံးသူဦးရေ ၁၀၀ကျော် ရှိနေပြီဟုလည်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly